88 နဲ့တူလို့လား

ရေးသားသူ - ထက်ဖြိုးအောင်

တပ်ချုပ်ဟာ
နွေဦးတော်လှန်ရေးကို 88လိုကိုင်တွယ်ဖို့ကြိုးစားပါတယ်
နွေဦးတော်လှန်ရေးဟာ 88 နဲ့ လုံးဝမတူသလိုအဲ့လိုကိုင်တွယ် ဖို့်ကြိုးစားကတည်းက
သူ အခြေအနေကိုတော်တော်မသိတာပဲလို့တွေးမိပြီး
ရှုံးသွားနိုင်တယ်ဆိုတာကို တွက်ဆထားပါတယ်

88 ဟာ ပြည်သူတွေက တည်ဆဲအစိုးရကိုဆန့်ကျင်တာဖြစ်ပြီး တပ်ကကြားဝင်ထိန်းတာပါ
21 မှာ တည်ဆဲအစိုးရကိုဖြုတ်ချပြီး တပ်ကအာဏာသိမ်းတာပါ
ပြည်သူတွေက တည်ဆဲအစိုးရကို မဆန့်ကျင်ပါ
အများကြီး ကွာဟပါတယ်

88 မှာကိုင်တွယ်တဲ့သူတွေဟာ Well Planned ပါ လနဲ့ချီ ပြီး အဆင့်ဆင့်ကိုင်တွယ်ပုံသွင်းသွားတာပါ နှစ်အများကြီးအုပ်ချုပ်လို့ရအောင်သေချာပြင်ဆင်သွားတာပါ

21 မှာ ကိုင်တွယ်ပုံတွေဟာအမှားအယွင်းတော်တော်များသလို ကိုင်တွယ်မှု အမြင့်ဆုံးအဆင့်ကိုရက်ပေါင်းသုံးဆယ်အတွင်းမှာရောက်သွားပြီး နိုင်ငံတကာဖိအားဟာ 7 ရက်အတွင်း
အဆင့်များစွာစောင့်တက်သွားတာပါ
47 ရက် ကြာပြီး တဲ့အထိလူပေါင်း 200 ကျော်သေကြေကာ ရာပေါင်းများစွာဒဏ်ရာရပြီး
2000 ကျော်ဖမ်းဆီးပြီးတာတောင်
ဆန္ဒပြပွဲတွေဖြစ်နေဆဲပါ
စစ်တိုင်းမှူးတွေအကြား ကိုင်တွယ်မှုပုံစံတွေ ကွဲလွဲနေသလို
အောက်ခြေက အထိကရုန်းထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေကိုနိုင်နင်းခြင်းမရှိခဲ့ပါဘူး
Hard Power ကြိုက်သူတွေပီပီ
တပ်မတွေအထိခေါ်သုံးပြီး ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ခဲ့ပါတယ်
အဲ့တာဟာ
ဆက်တိုက်အမှားတွေများလာ​ေစပါတယ်

တစ်ကယ်က ဒီနည်းလမ်းဟာ 21 ရာစုမှာ အလုပ်မဖြစ်ပါဘူး

နောက်တစ်ခုက 88 မှာ အတွေ့အကြုံရှိတဲ့ပြည်သူတွေဟာ 88 တုန်းက အကွက်တွေကိုအလွယ်တစ်ကူ ရှောင်ကွင်းလို့ ရခဲ့ပါတယ်
တစ်ဖက်က အဲ့နည်းတွေကို ဒီအတိုင်း​ဗြောင်သုံးပါတယ်

ဒီထက်အထိခိုက်ဆုံးကတော့
စစ်ကောင်စီက ေရွးချယ်တဲ့ အဖွဲ့ဝင်တွေဟာ
တော်တော်ကြီး နိမ့်ပါးပါတယ်
တပ်မတော်မှာ လူတော်တွေရှိရဲ့သားနဲ့
မယုံလို့မသုံးတာလား
ဒါမှမဟုတ် တော်တဲ့သူတွေကပဲအသုံးမခံတာလားဆိုတာမသိပါဘူး

ဟိုးအစက နေစကြည့်ပါ
ဦးမြင့်ဆွေဟာ ဘယ်လိုလူဆိုတာတပ်ဘက်ကသိပါတယ်
ဒါပေမယ့် လုံးဝမသုံးခဲ့ပါဘူး
ဦးကျော်ဆန်း နဲ့ ဗမဇော်မင်းထွန်းကိုယှဥ်ကြည့်ပါ
စစ်ကောင်စီက အရေးကြီးတဲ့အချိန်မှာ
သူ့ကိုယ်ကို်ယ်စားပြုပြီး
သတင်းစာရှင်းလင်းပွဲ လုပ်မယ့်သူကိုရွေးတဲ့အခါ
စိတ်ဆတ်ပြီး ဒေါသထွက်လွယ်ကာ
စိန်ခေါ်တတ်တဲ့သူတစ်ယောက်ကိုရွေးချယ်ထားပါတယ်
ဦးကျော်ဆန်းရဲ့သတင်းစာရှင်းလင်းပွဲတွေကို
ယှဥ်ကြည့်ပါ ကွာခြားမှုကိုတွေ့ပါလိမ့်မယ်

ဇော်မင်းထွန်းဟာ သူတို့အတွက်
အကောင်းဆုံးလို့ထင်ရတဲ့အခွင့်အရေးနှစ်ကြိမ်စလုံးကိုဖြုန်းလိုက်ပါတယ်
မိုးဟိန်းလိုလူအတွက်
ဦးသန်းရွှေလက်ထက် မှာ ဘာ role မှမရှိပါဘူး
အဲ့လိုလျှောက်ပြောခွင့်ပေးထားတာဟာ
တော်တော်လေး ရုပ်ပျက်ပြီး
ကိုယ်လုပ်တဲ့သတင်းစာရှင်းလင်းပွဲအဆင့်အတန်းကိုဆွဲချလိုက်တာပါ
(မေးခွန်းပဲမေးရပါတယ်)
88 ကနေတက်လာတဲ့
ဦးသန်းရွှေရဲ့အစိုးရအဖွဲ့ဝင်တွေဟာ
ဒီလိုအမှားတွေမကျူးလွန်ခဲ့ပါဘူး

ချစ်နိုင်စိတ်ပညာဟာ ပြန်ကြားရေးကြီးကိုင်ထားပြီး ပေါက်တတ်ကရတွေလုပ်နေပါတယ်

အာဏာသိမ်းတာမဟုတ်ပါဘူး
အာဏာထိန်းတာပါလို့ တပ်ချုပ်က ပြောနေတာတောင်
သူက တို့တာဝန်အရေးသုံးပါးကိုပြင်နေပါတယ်

ဒါဟာဘာကိုပြသလဲဆိုရင် တပ်ချုပ်ဟာ
အာဏာသိမ်းလိုက်တာ အုပ်ချုပ်တော့မှာဆိုတာကို ပေါ်တင်ကြော်ငြာနေသလိုဖြစ်နေပါတယ်

ကိုယ့်အကြီးအကဲရဲ့စကားကိုရှေ့နောက် မညီတော့ အောင်လုပ်နေပါတယ်

နောက်တစ်ခုက သတင်းအမှားတွေ ထုတ်ပြန်တဲ့ကိစ္စပါ

Aid to Civil Power Act သုံးရတာပါ
ဖြိုခဲွဲခြင်းအဆင့်ဆင့်သုံးတာမို့လို့
ဒီလိုထိခိုက် မှုတွေ ဖြစ်ရတာပါလို့
သူရှင်းလို့ရပါတယ်။ဒါပေမယ့် မရှင်းပဲ
Third Party ကသတ်သလိုလို
လျှောက်ပြောလိုက်ပါတယ်
(ရှင်းရင် လက်ခံခြင်းလက် မခံ ခြင်းကတစ်ပိုင်းပါ။ လက် မခံ ကြဖို့ပိုများပါတယ်။ဒါပေမယ့် Third Party ကသတ်တာလို့ပြောလိုက်ခြင်းဟာစောက်ပေါလုံးလုံးဖြစ်သွားခြင်းပါ)

Video File တွေအစ ကမ္ဘာသိပြန့်နေတဲ့ကိစ္စတွေမှာ အခုလို လျှောက်ပြောတာသည်
ကိုယ့်အဖွဲ့အစည်းရဲ့အဆင့်အတန်းကိုဆွဲချလိုက်တာပါပဲ
ဒိီလို ပြောပုံမျိုးနဲ့ တစ်နိုင်ငံလုံးအပါအဝင်
ကမ္ဘာကယုံလိမ့်မယ်လို့ ဘယ်လိုများစဥ်းစားသလဲမသိပါဘူးတော်တော်ပဲ့တာပါ

ဒေါ်သက်သက်ခိုင်ဟာ လူကယ်ပြန်ဝန်ကြီးရာထူးယူထားတာပါ ခုလို လူတွေအများကြီးထိခိုက်သေဆုံးဖြစ်နေတာတောင်
မူကြိုကျောင်းတွေလျှောက်သွားနေပါတယ်
ဘာအလုပ်မှ မလုပ်ပါဘူး
ဘာသံမှလည်း မထွက်ပါဘူး

ဖထီးဟာ ဘာသံမှကိုမထွက်လာပါဘူး
ငုတ်တုတ်သွားထိုင်နေပါတယ်

သူရွေးထားတဲ့
Hybrid အစိုးရ မှာ ပါဝင်သူတွေသည်
သူသွားတဲ့
Road Map ကိုမသိသလို
အခြေအနေနဲ့သူတို့ရဲ့ပါဝင်ပတ်သက်ရမှုကိုလည်းမသိပါဘူး
သူတို့ဘာလုပ်ရမယ်ဆိုတာလည်းမသိကြပါဘူး
ဦးသန်းရွှေအစိုးရနဲ့တောင် ဆီနဲ့ရေလိုကွာပါတယ်
ဦးအောင်သောင်းလို လူတောင်တစ်ယောက် မှမပါပါဘူး

အဲ့အချိန်မှာတစ်ဖက်က သူရင်ဆိုင်နေရတာသည်
ပညာတတ်အဖွဲ့အစည်းတွေဦးဆောင်တဲ့
ပြည်သူတစ်ရပ်လုံးပါ
အခြေအနေခြင်းတော်တော်ကွာပါတယ်

ဒီတစ်ပွဲနိုင်ရင် နှစ်ပေါင်းများစွာကြိုးစားခဲ့တဲ့
တစ်ကယ့်အနှစ်သာရနဲ့ပြည့်စုံနဲ့
ပြည်ထောင်စုပေါ်ပေါက်လာမယ်ဆိုတဲ့
ေမျှာ်လင့်ချက်လည်းရှိနေပါတယ်
88 မှာ မျှော်လင့်ချက်က လက်ရှိအစိုးရပြုတ်ကျရေးပါ ကွာပါတယ်

CRPH ဟာ တစ်ဆင့်ခြင်းတက်လာနေပါတယ်
88 တုန်းက ပဲ့ထွက်သွားတဲ့ စင်ပြိုင်အစိုးရနဲ့
CRPH ကိုယှဥ်လို့မရပါဘူး
နိုင်ငံတကာထောက်ခံမှုကလည်းအပြည့်ပါ
လုပ်ပိုင်ခွင့်တွေလည်း များသလို
ပြည်သူတွေထောက်ခံမှုကလည်း အပြည့်ပါ
ပြည်ပြေးအစိုးရနဲ့ မတူပါဘူး
(သူတို့ဘက်ကတော့ အဲ့နှစ်ခုကိုတူတယ်လို့သဘောထားပါတယ်)

တစ်ဖက်အတွက် အဓိက ကျတဲ့
ပြည်ထဲရေးဟာ ပြည်သူတွေကိုကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ပါတယ်
ဒါပေမယ့်
မနက်ကလွှတ်တဲ့ဝန်ကြီးကို
ညနေမှာ ပြန်ဖမ်းလို့မမိပါဘူး
CRPH မှာဘယ်သူတွေပါမှန်းမသိပါဘူး
(သိရင်ဝရမ်းထုတ်မှာပါ ခုတော့ထင်တဲ့လူတွေလိုက်ဖမ်းတာပဲရှိပါတယ်)
လဝကန တွေတော်တော်ကြီးပေါက်ကြားပြီး
ရဲတော်တော်များများလည်း CDM ပါတယ်
မထိန်းနိုင်ပါဘူး
ပြည်သူတွေကို သေကျေဒဏ်ရာရအောင်
ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်တာကိုပဲ
အဓိကလုပ်ပါတယ်

ပြည်သူတွေကို အကြမ်းဖက်
နှိမ်နင်းပြီး လူပေါင်းများစွာဖမ်းထားပါတယ်
အချို့လူတွေဆိုရင်ဘာလို့ဖမ်းထားမှန်းတောင်မသိပါဘူး

ဆရာမောင်သာချို ဟာ အာဏာသိမ်းတဲ့မနက်ကတည်းက အဖမ်းခံရပါတယ်
ဘာလို့ဖမ်းတာလဲဆိုတာ မသိပါဘူး
505 နဲ့တရားစွဲပါတယ်
ပုသိမ်က ဆရာကြီးဒေါက်တာသန်းမင်းထွဋ်ကိုဖမ်းပါတယ် 505 နဲ့တရားစွဲပါတယ်
ေဟာပြောစည်းရုံးတာမပြောနဲ့ဆန္ဒပြတဲ့အထဲတောင်သူတိူ့မပါပါဘူး ဒါက နည်းနည်းထုတ်ပြတာပါ အဲ့လိုကိစ္စအများကြီးပါ
ဘာတွေလျှောက်လုပ်နေမှန်းမသိပါဘူး
တပ်ဟာ အဓိကလုပ်ငန်းတစ်ခုဖြစ်တဲ့
NCA ကို နိုင်အောင်မထိန်းနိုင်ပါဘူး
ဒီလောက်အရေးကြီးချိန်မှာ
တိုက်ပွဲတွေပေါ်လာပါတယ်
မြို့တွေကိုအကြောက်တရားနဲ့သိမ်းသွင်းဖို့ကြိုးစားပါတယ် အလုပ်မဖြစ်ပါဘူး
နိုင်ငံတကာဖိအားတွေဟာ အရင်ထက်အရမ်းများနေတာကိုသိလျက်နဲ့ ဆက်တိုးပါတယ်
နိုင်ငံခြားရေးကစာထုတ်ပြီး သံရုံးတွေကိုစိန်ခေါ်တာဟာ တော်တော်လေးအဓိပ္ပါယ်မရှိတဲ့လုပ်ရပ်ပါ

ဘာမှ မရှိပဲနဲ့
တံခါးပိတ်အစိုးရလုပ်ဖို့ ကြံစည်ပါတယ်

အမှားတွေ အများကြီးပါပဲ ဆက်တိုက်ကိုကျူးလွန်တာပါ

အခု တပ်အနေနဲ့ KIA ကိုတိုက်ရမယ်
KNU ကိုတိုက်ရမယ်
RCSS ကိုတိုက်ရမယ်
ွဇိုမီးကိုတိုက်ရမယ်
TNLA နဲ့ MNDAA ကိုလည်းတစ်ချိန်မှာတိုက်ရမှာဖြစ်သလို
AA ကိုနယ်မြေမပေးချင်ရင်ပြန်တိုက်ရဦးမယ်

တစ်ပြိုင်နက်တည်းမှာပဲ
မြို့ကြီးတွေမှာ ပြည်သူတွေကိုငြိမ်အောင်ထိန်းရမယ်

CRPH ရဲ့ တိုင်းရင်းသားတပ်မတော် ကိုတိုက်ရမယ်

ဒါတောင်နိုင်ငံတကာက မပါသေးဘူး
နိုင်ငံတကာပါရင် နိုင်ငံတကာကို တိုက်ရမယ်

တပ်ချုပ်ဟာ
အမှုတွေကိုရင်ဆိုင်ရမယ်
ရင်မဆိုင်ချင်ရင် မြောက်ကိုရီးယားလို ကြံ ့ကြံ ့ခံပြီး တံခါးပိတ်မှရမယ်
ကိုယ့်မှာရှိတာနဲ့အဲ့လိုလုပ်ဖို့ ဆိုတာမလွယ်ပါဘူး

အဲ့တာတွေ ဝေးပါတယ်ထားဦး
ခု သူ့အတွက်ဂုဏ်သိက္ခာအရအရေးကြီးတဲ့
တပ်မတော်နေ့အခမ်းအနားကိုကျင်းပနိုင်အောင်
လုပ်ရဦးမယ်

မလွယ်ပါဘူး

ဦးသန်းရွှေကြီးရဲ့ ညကျောင်းဆိုတာမျိုးဝေလာဝေးပါ

အာဏာသိမ်းအစိုးရ နှစ်ရပ်ရဲ့ခြားနားပုံ၊
ရင်ဆိုင်ရတဲ့အနေအထားခြားနားပုံ၊
နိုင်ငံတကာဖိအားခြားနားပုံကို အဓိကပြောချင်တာပါ

ဦးသန်းရွှေရဲ့အစိုးရနဲ့ ယှဥ်ပြောတာက
သူက အဲ့ဖြစ်ရပ်ကို Ref ယူပြီး ကိုင်တွယ်နေလို့ပါ

ပြည်သူတွေကို ဒီလိုနည်းနဲ့ဘယ်လိုမှ မနိုင်နိုင်ပါဘူး

ပြည်သူတွေအနေနဲ့ ငါတို့များရှုံးသွားမလားဆိုပြီး
သံသယစိတ်လေး မြူမှုန်မျှတောင်မဝင်ပါနဲ့
ဝင်လာရင် ဒီစာကိုဖတ်​​ကြည့်ပါ

အကြမ်းဖက်ဖိနှိပ်မှုတွေကိုအလူးအလဲခံနေရပေမယ့် ဒါဟာ ပွဲကို အနိုင်အရှုံးမဆုံးဖြတ်ပေးနိုင်ပါဘူး
ဘောပွဲတစ်ပွဲမှာ တစ်ဖက်အသင်းက လူလိုက်ချနေသလိုပါပဲ
လူလိုက်ချတိုင်း မနိုင်ပါဘူး
အဲ့လိုကစားရင်ရှုံးဖို့ပိုများပါတယ်
Idea တွေအောက်နေတယ်
သုံးတဲ့သူတွေဟာ အရည်အချင်းနိမ့်ပါးတယ်
ဘက်ပေါင်းစုံကိုရင်ဆိုင်နေရတယ်
တပ်မှာဘယ်အဆင့်အထိ ေရှ ့တန်းအတွက် ပြင်ခိုင်းထားလဲဆိုတာ
သူတို့သိပါတယ်

တပ်မိသားစုဝင်တွေကို အမြဲတမ်းပြောပါတယ်
Coup is not a funny thing ပါ
ပျော်မနေဖို့ အကြိမ်ကြိမ်ပြောခဲ့ဖူးပါတယ်
အချို့​တွေ နားမလည်ပါးမလည်နဲ့ပျော်ခဲ့ကြတယ်
အကျိုးဆက်ကတော့မြင်တဲ့အတိုင်းပါပဲ

တိုက်ပွဲတွေကို ရှောင်လွဲလို့ဘယ်နည်းနဲ့မှ မရနိုင် တော့ပါဘူး ထိခိုက် မှုတွေရှိလာပါလိမ့်မယ်

ပြည်သူတွေဘက်က ရေချိန်အများကြီးသာသွားပါတယ်
တပ်ဟာရန်သူဝိုင်းသွားပါတယ်
နှစ်ပေါင်း 30 အတွင်း ဒီလိုအကြပ်အတည်းမျိုး
လုံးဝမကြုံဖူးခဲ့တဲ့တပ်ဟာ တော်တော်လေး
အကြပ်ရိုက်သွားပါတယ်

သူဘယ်လိုပြန်ထွက် မလဲဆိုတာ ကြည့်ရမှာပါ
တော်တော်မလွယ်ပါဘူး

အခြေအနေနေအရပ်ရပ်ကြောင့် တပ်ဟာ ဒီတိုင်းဆက်တိုးခဲ့ရင် အမှားတွေများပြီး
ပြည်သူတွေပဲအောင်ပွဲရနိုင်ပါတယ်

ထပ်ပြောတာပါ
ပြည်သူတွေအနေနဲ့ ငါတို့များရှုံးသွားမလားဆိုပြီး
သံသယစိတ်လေး မြူမှုန်မျှတောင်မဝင်ပါနဲ့
ဝင်လာရင် ဒီစာကိုဖတ်ကြည့်ပါ
ဘယ်ဘက်ကပိုခက်ခဲနေလဲ ဆိုတာ
မြင်လာပါလိမ့်မယ်
(တပ်ဟာသူအမှားတွေကိုအချိန်မှီ ပြင်ဆင်နိုင်ရင်တော့ အခြေအနေတစ်မျိုးပြောင်းသွားနိုင်ပါတယ် ဒါပေမယ့်အဲ့လမ်းကြောင်းမှာလည်းအရင်းအနှီးကြီးပါတယ်)

ဒီကြားထဲမှာတော့ မြေပြင်အခြေအနေ ငြိမ်သွားတဲ့နေရာတွေမှာ ဖမ်းဆီးမှုတွေ ရှိပါလိမ့်မယ်
Credit to Htet Phyo Aung

မူရင်းပို့စ် https://www.facebook.com/100001227191314/posts/4278328425551355/

Heinko Lwin

Heinko Lwin