Gen X တစ်ဦးထံမှ ပေးစာ

အာဏာကို ဘယ်လိုပြန်သိမ်းမလဲ ဆိုတာ စကတည်းက အကြိမ်ကြိမ် ပြောခဲ့တယ်။ မသိလိုထက်၊ စဉ်းစားမိကြစေဖို ပြောတာ၊ ရေးတာ၊ မေးတာ ဖြစ်တယ်။ အာဏာရယူနည်း၊ အာဏာရယူခြင်းအဆင့်ဟာ သီးခြား ရှိတယ်။ ၈၈ မှာတုန်းက သပိတ် အောင်မြင်ခဲ့ ပေမယ့် အာဏာကိုမရယူနိုင်ခဲ့တာ ဖြစ်တယ်။ အာဏာ ရယူခြင်း အဆင့်နဲ့ နည်းလမ်းကို မသိခဲ့လို ဖြစ်တယ်၊ ခု ၂၀၂၁ လူငယ် အတော်များများ (အထူးသဖြင့် ဆိုရှယ်မီဒီယာက အပြုသဘောမဆောင်တဲ့ အသံရှင်တွေ) လည်း ဒါကို စဉ်းစားမိသေးပုံ မပေါ်ဘူးလို ထင်ပါတယ်။

ရန်သူကို သတ်ဖြတ်နှိမ်နင်းပြီး၊ အာဏာသိမ်း အာဏာရယူနည်းအတွက် "အော်တိုဘာတော်လှန်ရေး"ကို နမူနာ ပြောခဲ့ပါတယ်။ ( ၁၉၁၇  အောက်တိုဘာတွင် ရုရှပြည်မှာ ဖြစ်တဲ့ တော်လှန်ရေးကိုဆိုလို) ဒါတောင် ရုရှားမှာက ဗော်ရှီဗစ် ပါတီအဆင့်နဲ့ ဖြစ်တယ်။ ယေဘုယျ ပြည်သူလူထုပုံသဏ္ဌာန်လောက်နဲ့ အာဏာပြန်ရယူတာ မဟုတ်ဘူး။ တုတ်ဓား တွေ၊ လုယူထားတဲ့ သေနတ်လက်နက်တွေ ပါဝင်ပါတယ်။

အာဏာလွှဲပေးဖို ပြောပြီး အာဏာ ရယူနည်း (တွေ့ဆုံညှိနှိင်း လို သုံးကြတယ်၊ နိုင်ငံရေးနည်း၊ နိုင်ငံရေးဆွေးနွေးမှု လိုလည်း ပြောလိုရတယ်)
ဒီမှာ မစေ့စပ် တမ်း၊ တွေ့ညှိနှိင်းမှုအလိုမရှိ လို အော်မယ်ဆိုရင်၊ အခြား အပြီးသတ်အာဏာရယူနည်း(ပထမနည်း)ကို ဆုံးဖြတ်ရွေးချယ်ပြီး ဖြစ်နေရပါမယ်။
ဒီဒုတိယနည်းကို ဘယ်နိုင်ငံရေးမှာမဆို အသုံးပြုခဲ့ကြတယ်။ မော်စီတုန်းနဲ့ ယူအက်သမ္မတ နစ်ဆင်၊ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)နဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီအစိုးရ(မဆလ)၊ လူမျိုးစုလက်နက်ကိုင်တွေ(EAOs)နဲ့  ခင်ညွန့်၊  ရခိုင့်တပ် တော် (AA) နဲ့ အခု စစ်ကောင်စီ၊ စသဖြင့်။ ကိုယ့်ဖက်က တောင်းဆို ရယူမယ့် မူနဲ့ အခွင့်အလမ်းကို မျှော်မြင်ထားရင် တွေ့ဆုံညှိနှိင်း(နိုင်ငံရေးနည်း) ကို ပစ်ပယ်စရာမလိုပါဘူး။

အခု စစ်ကောင်စီဟာ တော်လှန်ရေးကို နှိမ်နင်းပြီး အာဏာတည်မြဲအောင် ဖြစ်နိုင်သမျှ လုပ်ပါမယ်။ နောက်ဆုံးအနေအထားမှာမှ၊ အာဆီယံ၊ အမေရိကန်၊ တရုတ်၊ အီးယူ၊ EAOs၊ NLD၊ CRPH၊ GSC/GSCN ( GSC = အထွေထွေသပိတ်ကော်မတီ၊ GSCN = လူမျိုးစုပေါင်းစုံ အ ထွေ ထွေသပိတ်ကော်မတီ)တွေနဲ့ နိုင်ငံရေးဆွေးနွေးမှု တစ်ခုပြီးတစ်ခုလုပ်ဆောင်ပြီး အာဏာ အလွှအပြောင်း/အာဏာခွဲဝေမှု အပေးအယူ စကားပြောတာကို ရွေးချယ်ပါလိမ့်မယ်။ နိုင်ငံရေးဆွေးနွေးမှုတွေမှာ၊ မတိုင်ခင်မှာ အခြားပါဝါအသာစီးရထားတဲ့ အနေအထားရအောင်လည်း လုပ်ထားကြပါတယ်။ တွေ့ဆုံဆွေးနွေးခြင်းနည်းဟာ သေကြေပျက်စီးမှုနည်းနည်းနဲ့ အာဏာရယူနိုင်အောင် လုပ်တဲ့ နည်းဖြစ်ပါတယ်။ ပါဝါအသာစီးရဖို တရားဝင်မှု၊ လူထုနဲ့ နိုင်ငံတကာရဲ့ကိုယ့်ဘက်ကိုရပ်တည် ပေးမှုတွေက အရေးပါပါတယ်။

မြန်မာနွေဦး တော်လှန် ရေးအနေနဲ့ လက်နက်ကိုင်နည်းနဲ့ နိုင်ငံရေးနည်း ၂ ခုစလုံးကို အသုံးပြုဖိုလိုအပ်ပါတယ်။ ဆန္ဒပြသပိတ်သက်သက်နဲ့ အာဏာပြန်ရယူခြင်း မဖြစ်နိုင်ပါ။ လူထုသပိတ်ဟာ စစ် ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားကို ရပ်တန့်စေနိုင်တာ အမြင့်ဆုံး အောင်မြင်မှုပါပဲ။ ၈၈ မှာ ဒီအောင်မြင်မှု ရခဲ့ပြီးပါပြီ။ မဆလပါတီ အုပ်ချုပ်ရေး (အစိုးရ) ယန္တရား ရပ်ဆိုင်းသွားပါတယ်။ ဒီမှာ အာဏာကို လူထုက ပြန်သိမ်းတာ၊ လူထုက အာဏာပြန်ရယူဖိုလိုတာကို မသိခဲ့ နားမလည်ခဲ့ မလုပ်နိုင်ခဲ့လို စစ်တပ်ကို အာဏာလွှပေးတာခံလိုက်ရပြီး၊ အရေးတော်ပုံ ကျရှုးသွားတာ ဖြစ်တယ်။ ( John Berger ရဲ့ စံအရဆို တော်လှန်ရေးတစ်ခုရဲ့ အမြင့်ဆုံးပန်းတိုင်ဟာ နိုင်ငံတော်အာဏာကို ပြန်လည်ရယူဖိုပဲ။ )

အခု၊ နွေဦးတော်လှန်ရေးနဲ့ CRPH အပြင် ပြည်သူတစ်ရပ်လုံးမျှော်လင့်နေတာဟာ ဖက်ဒရယ်တပ်မတော် ဖြစ်ပါလိမ့်မယ်။ ပါဝင် နေတဲ့အင်အားစုတိုင်းက မူအားဖြင့် လက်ခံကြတယ်လိုလည်း ယူဆမိပါတယ်။ လက်တွေ့အကောင်အထည်ဖော်ဖို ဆက်လက် သဘောတူစရာတွေ  လိုအပ်ချက်တွေ တော့ ရှိ ကောင်းရှိနေပါလိမ့်မယ်။ CRPH ကို နှေးတယ်၊ လိုတယ် လွယ်လွယ်ဝေဖန် သေးလိုမဖြစ်ပါဘူး။ CRPH ဟာ တကယ့်အာဏာနဲ့ လက်နက်ကိုင်တပ်ဖွဲ လက်ကိုင်ရှိထားတဲ့ အဖွဲအစည်းမဟုတ် သေးပါဘူး။ (အစိုးရသဏ္ဍာန်ပီပြင်  အောင်အတွက်တောင် ဖွဲစည်းဖို အားယူ နေဆဲကာလပါ)။ ပြည်သူလူထု အား ပေး ထောက်ခံမှု ကြောင့်ရထားတဲ့ တရားဝင်မှုသဘောအရသာ အာခံနေရတဲ့ အဖွဲအစည်းဖြစ်ပါတယ်။ ပြေးလွှားရှောင်ပုန်းရင်း အသက်ဘေးကနေ အလုပ်လုပ်နေရတာဖြစ်တယ်။ ၂၄ နာရီလုံးလုံး လူချင်းစားပွဲထိုင်အသည်းအဝေးလုပ်နေနိုင်တဲ့ အဖွဲအစည်း မဟုတ်ပါဘူး။ လက်ရှိမှာ ပြည်ထောင်စုအာဏာကို မပိုင်ထား သေးပေမယ့်၊ နိုင်ငံတကာ တွေ၊ EAOs  တွေ၊ အခြားအဖွဲအစည်းမျိုးစုံ တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ပြည်ထောင်စုကိုယ်စား ကတိကဝတ်တွေ ပေးအပ် တာဝန်ခံပြီး လုပ်နေရတာ ဖြစ်တယ်။ သူတိုကတိကဝတ်နဲ့ လုပ်ပိုင်ခွင့်ရှိမှုအပေါ် ဆွေးနွေးဖက်တွေရဲ့ သဘောထားကလည်း စကားပြောပါသေးတယ်။ ဒီအနေအထားမှာ CRPH ရဲ့ နိုင်ငံရေးခြေလှမ်းတွေဟာ လွန်ခဲ့တဲ့ NLD အစိုးရထက် သာလွန် ပြတ်သားရဲရင့်တာကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်တယ်။ ဒါဟာ တော်လှန်ရေးတိုက်ပွဲကြောင့် ဖြစ်ပေါ်လာရတဲ့ အနေအထားဆိုရင်လည်း မမှားပါဘူး။

ဖက်ဒရယ်တပ်မတော်အတွက်၊ EAOs တွေက မူအားဖြင့် သဘောတူတယ်၊ ဒါပေမယ့် လက်တွေ့ တိုက်ပွဲတွေအတွက် ဖက်ဒရယ်သဘောနဲ့ပဲ ကိုယ့်ဖက်ဒရယ်နယ်အတွက်ပဲ ကိုယ်တိုက်မယ်။ နိုင်ငံသိမ်းတိုက်ပွဲ တိုက်ပွဲဆင်နွဲဖို သဘောမတူရင်၊ သိုမဟုတ်၊ ပြည်မမှာ ပြည်မတပ် ( ပြောရရင် ဗမာတပ်) က တိုက်ဖို ဆွေးနွေးမယ်ဆိုရင်၊ ပြည်မတပ်ကို ဖွဲဖို လိုအပ်ချက် ရှိလာပါလိမ့်မယ်။ ဒီမှာ သူတိုရဲ့ဆွေးနွေးမှုတွေကို ကျွန်တော် အတိအကျခိုင်လုံစွာ မသိဘဲ ခန့်မှန်းချက်အနေနဲ့ ပြောတာ ဖြစ်တယ်။ ပြည်မတပ် ဖြစ်ပေါ် ရရှိလာဖိုဆို လူ၊ ငွေ၊ အချိန်ကာလ လိုအပ်ပါတယ်။ လူငယ်တွေဟာ တပ်ထဲဝင် စစ်ပညာသင်ရပါမယ်။ လူကြီးတွေက ငွေရှာပြီး ပေးအပ်ရပါမယ်။ ဒါ ကြောင့် ဒီကာလအတွင်းမှာ လူငယ်တွေ မသေကြေမပျက်စီးဖို လိုအပ်ပါတယ်။

ဆန္ဒပြသပိတ်တွေဟာ လှိင်းလုံးတွေလို အမြဲ မပျောက်ပျက်ဘဲ ရှိနေမလား ဆိုတာ မသေချာပါ။ တော်လှန်ရေးစိတ်ဆန္ဒ အမြဲရှိနေမှာတော့ သေချာပါတယ်။ နောက်တစ်ကြိမ် လူထုသပိတ်ကြီး ပြန်ဖြစ်ပေါ်တာဟာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သပိတ်ဟာ  တက်လိုက် ကျလိုက် အမြဲ ရှိနေမလားဆိုတာတော့ မသေချာပါ။ လှိင်းလုံးတွေလို ရှိနေမယ်ဆိုတာကို စည်းရုံးရေးစကားအနေနဲ့တော့ ပြောလိုရပါတယ်။ အမြင့်ဆုံးထိတက်ပြီး ပြန်ကျ ပြီးဆုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။ မသေချာပါ။ တကယ်လို သပိတ်ရဲ့ ဖြစ်စဉ်ဟာ စ - အရှိန်တက် - အမြင့်ဆုံးရောက် - အရှိန်ကျ - ပြီးဆုံး ဆိုတဲ့ သံသရာလည်တဲ့ သဘောမျိုး ရှိတယ်ဆို ဒါအတွက် တုံပြန်ဖို တစ်ခုခုကို စဉ်းစားထားသင့်ပါတယ်။

ယေဘုယျအားဖြင့် သပိတ်တွေ အမြဲရှိနေဖိုကို လက်ခံပါတယ်။ သပိတ်ဟာ နိုင်ငံရေးဆန္ဒ၊ နိုင်ငံရေးအဆိုပြုချက်၊ ဖိအားပေးချက် တွေရဲ့  ဖော်ပြချက်၊ ပုံသဏ္ဌာန်ပါပဲ။ ရန်သူက အကြမ်းဖက်မှုအဖြစ် သတ်မှတ်ပြီး ငြိမ်ဝပ်ပိပြား နေ အောင် ကိုင်တွယ်မယ်လိုဆုံးဖြတ်လာရင်တော့ အင်အားအလွန်အကျွံနဲ့ နှိမ်နင်းမယ့် အဆင့်ထိ ဖြစ်လာပါမယ်။ အခုလည်း အဲ့အ ခြေအ နေဆီ ဆိုက် နေပါပြီ။ စစ်တပ်ကိုအင်အားသုံးပြီး နှိမ်နင်းမှုအဆင့်မှာတော့ အသေခံသပိတ်ပြုလုပ်ဖို မလိုအပ်တော့ဘဲ၊ တခြားအဆင့်ပြောင်းလဲရမယ်လို ထင်ပါတယ်။ ဒီမှာ သတ္တိနဲ့ မဆိုင်ဘူး လို ထင်ပါတယ်။ အယောင်ပြသပိတ်၊ နိုင်ငံရေးဆန္ဒဖော်ပြမှုရှိနေရေး သပိတ်တွေတော့ လုပ်လိုရပါမယ်။ ဥပမာ၊ လမ်းပေါ် စစ်ကြောင်းပြ မှတ်တမ်းပုံယူ၊ လူစုပြန်ခွဲ၊ မီဒီယာပေါ်တင် ဆိုတာမျိုးတွေပေါ့။

လူငယ် လူကြီး ပြဿနာ အတွက်၊ လုပ်နိုင်မလုပ်နိုင်မသိ ပေမယ့် ဖြစ်သင့်တာတစ်ခုကို ပြောချင်ပါတယ်။ CRPH က မြိုနယ်အုပ်ချုပ်ရေးအဖွဲတွေဖွဲပြီးသလောက်ရှိပြီလို ကြေညာပါတယ်။ ရပ်ကျေးအဆင့် အုပ်ချုပ်ရေးကို ရှိသမျှလက်နက်ကိုင်ပြီး တကယ်အုပ်ချုပ်ဖို လိုပါတယ်။ ရပ်ကျေးအုပ်ရေးအဖွဲ၊ ခေါင်းဆောင်၊ လမ်းလူကြီး၊ အမာခံလူငယ်တွေဟာ အသေခံအဖွဲ ဖြစ်ပါတယ်။ တုတ် ဓား လေးခွ မိုလို ဂျင်ဂလိ လက်နက်ကိုင်ရမယ့် အုပ်ချုပ်ရေးအဆင့်ပါတယ်၊ စစ်ကောင်စီဟာ လူငယ် လူကြီး သ ဘောထားအကွဲအပြဲမှာ ရပ်ကျေးအုပ်ချုပ်ရေးကို စတင်ဝင်ရောက်ဖို ကြိုးစားလာကြတော့မှာ ဖြစ်ပါတယ်။ လမ်းတိုင်းကို အမိန့်ကြေညာစာတွေ ပေးမယ်၊ သပိတ်နဲ့ CDM တွေကို ဖမ်းမယ်၊  သံပုံးမတီးရ လုပ်မယ်။ ဒီအတွက် ခန့်မှန်း ပြောရရင် ရဲနဲ့ စစ်သား အနည်းဆုံး ၅ ယောက်လောက်၊ လမ်းလူကြီး ၁ ယောက် ၂ ယောက်၊ ဝန်းရံလူမိုက်နဲ့ ကြံ့ဖွတ်တွေ အသုံးပြုပါမယ်။ လူထုဟာ ယေဘုယျအားဖြင့် သိုးအုပ်လိုပါပဲ။ ခေါင်းဆောင်နောက် လိုက်မယ်၊ ကြောက်ရွံမှုနောက် ပါမယ်၊ ရဲရင့်စုစည်းမှုနောက် လိုက်ပါမယ်။

သာမန်အားဖြင့်၊ လူကြီးတွေက မရဲရင့်ဘူး (စွန့်လွှတ်ရမှာ၊ ထိခိုက်ပျက်စီးသွားမှာကိုစိုးထိတ်တယ်)။ လူငယ်တွေက တော့ သတ္တိ ကောင်းကြပါတယ်။ ဒါဟာ အမြဲ မှန်တဲ့ အချက်ပါ။ လူကြီးတွေဟာ မရဲရင့်ပေမယ့် အာဏာရှင်မကြိုက်ပါဘူး။ သူတိုဟာ ဘဝလုံခြုံမှုနောက်၊ စုစည်းမှုနောက်ကို တိမ်းညွှတ်သွားတတ်ပါတယ်။ လူကြီးနဲ့လူငယ် သဘာဝလက္ခဏာမတူပေမယ့်၊ တူညီတဲ့ လုပ်ရပ်မှာ တာဝန်ခွဲယူလုပ်ကိုင်လိုတော့ ရပါတယ်။ မတူတာနဲ့ အသုံးဝင်တာကို သိရှိလက်ခံပြီး စည်းရုံးရေးနည်းနာကို အသုံးပြုဖိုပဲ ဖြစ်ပါတယ်။ စစ်တပ်က အလွယ်တကူမဝင်မလာနိုင်ဖိုနဲ့ CDM နဲ့ ခေါင်းဆောင်တွေကို အဖမ်းမခံရဖို လူငယ်တွေက လမ်းအဟန့်အတားတွေ လုပ်ချင်တယ်။ မဖျက်ရင် လမ်းထဲ ဝင်ပစ်မယ် ခြောက်လို လူကြီးတွေ အပစ်မခံရဖို အဟန့်အတားဖျက်တယ်။  ဒီမှာ အကျိုး(အကြောင်း)ကို လူငယ်နဲ့ လူကြီး တွေ့ဆုံစကားပြောညှိနှိင်းဖို လိုပါမယ်။လူမှုမီဒီယာမှာ အပြန်အလှန်အပြစ်ဖိုရမယ့် အချိန်မဟုတ်တော့ပါဘူး။ အပြင်မှာ ပိုစကားပြောရမယ့် အချိန် ဖြစ်ပါတယ်။ ဘာလုပ်ချင်တယ်၊ ဘာလုပ်သင့်တယ်၊ ဘာလုပ်နိုင်တယ်၊ ဘာလုပ်ရင် ဘာဖြစ်မယ်၊ ဘာဖြစ်ရင် ဘာဆက်လုပ်မယ် အပြင်ပဲ တကယ်စကားပြော ဆွေးနွေးရမယ့် အချိန်ဖြစ်ပါတယ်။ လူငယ်တွေကလည်း လူကြီးတွေကို ပြောမယ်ဆိုရင် လူငယ်တိုင်းက မိမိတိုမှာ မိဘတွေရှိနေတာကို သတိထားသင့်တယ်။ ဒီမှာ Gen X-Y-Z ဆိုတဲ့ မျိုးဆက်နာမည်တွေထက် လူငယ်-လူကြီးသဘာဝကို ပိုသတိပြုသင့်တယ်လို ထင်ပါတယ်။

လူကြီးဟာ နိုင်ငံထက် မိသားစုဘဝကို ပိုဂရုစိုက်ပါတယ်။ နိုင်ငံအတွက် အသေမခံပေမယ့် သားသမီးအတွက်ဆို ရှေ့က အသေခံပါလိမ့်မယ်။ သူတိုဟာ မိသားစုစားဝတ်နေရေး လုံခြုံရေးကို ပိုဂရုစိုက်ပါတယ်။ လူငယ်တွေ သပိတ်မှောက်ပြီး ပြန်လာရင် စားဖို နေဖို တာဝန် ဟာ သူတာဝန်ပါ။  ဒါပေမယ့်၊ ဒီသမိုင်း သဘာဝကိုလည်း ပြောင်းလဲဖို လိုအပ်လာရင် ပြုပြင်ပြောင်းလဲရပါမယ်။ လူကြီးဟာ အနာဂတ်ကို အဆုံးအဖြတ်မပေးသင့်ဘူး။ လူငယ်တွေကို ကူညီနိုင်တဲ့အရာမှာ ပိုကူညီရပါမယ်။ လူငယ်တွေက ပြောချင်သလို ပြောနိုင်ကောင်းပေမယ့်၊ လူကြီးတွေက အပြုသဘောနဲ့ ရှင်းပြပြောဆိုတာပဲ ဖြစ်သင့်ပါတယ်။ လူကြီးဟာ မိမိတို လူငယ်ဘဝက လက္ခဏာနဲ့ ပြန်နှိင်းယှဉ်ပြုမူရပါမယ်။ ခုအချိန် မိသားစုလုံခြုံရေးဟာ နိုင်ငံနဲ့ လူအားလုံးရဲ့ လုံခြုံရေး ငြိမ်းချမ်းရေး လွတ်လပ်ရေးမဟုတ်တာ အကြွင်းမဲ့ လက်ခံရပါမယ်။ ဘယ်သူမဆို သေနိုင်တဲ့ အနေအထားရှိပေမယ့်၊ စစ်တပ်ဟာ လူအားလုံးကို သေနတ်နဲ့ မသတ်နိုင်ပါဘူး။ ကြောက်ရွံမှုကတော့ လူအားလုံးကို သေဆုံးစေပါလိမ့်မယ်။

ဒီအချိန်၊ လူကြီးတွေရဲ့ ကြောက်ရွံမှုကို ဖြေရှင်းဖို၊ CDM နဲ့ သပိတ်တွေ အဖမ်းမခံရဖို နည်းအဖြစ် ရှိတဲ့ လက်နက်ကိုင်တာက ၊ တကယ့် ရပ်ကျေးအုပ်ချုပ်ရေးပဲ လို မြင်ပါတယ်။ စာရွက်ပေါ်က ကြေညာချက်မျှနဲ့ မရပါဘူး။ အပြင်မှာ လူချင်းတွေ့ ပြောဆိုလုပ်ကိုင်ရပါမယ်။ ခေါင်းဆောင်မှုစနစ်(ခေါင်းဆောင်) ရှိရမယ့် အချိန်ကာလာပါ။ ခေါင်းဆောင်စနစ်ကိုယ်ထည်က CRPH + GSC/GSCN ပါ။ ဒါက တော်လှန်ရေးအင်အားစုတွေ စည်းလုံးညီညွှတ်ရေးအတွက် ဖြစ်တယ်။

အပြီးသတ်တိုက်ပွဲ၊ အာဏာရယူရေးအတွက်ကတော့၊ ဖက်ဒရယ်တပ်၊ ပြည်မတပ် ဖွဲစည်းဖို လိုပါပြီ။ တပြိုင်တည်းမှာ စစ်ကောင်စီအောက်ကနေ စစ်သားတွေ ခွဲထွက် ပူးပေါင်းလာဖိုလည်း လုပ်ရမှာပါပဲ။  ဒီကာလမှာ ဆန္ဒပြသပိတ်ရဲ့ အဆင့်နဲ့ ပုံသဏ္ဌာန်ကို စဉ်းစားစေလိုပါတယ်။ ဘယ်လိုအဆင့် ပုံသဏ္ဌာန် ဖြစ်ရှိရမယ်လို အဆုံးအဖြတ်ပေးနိုင်စွမ်း မရှိပါ။ နိုင်ငံရေးနည်းနာတွေဟာ သင်္ချာနဲ့ သိပ္ပံဖော်မြူလာတွေလို ဒီလိုလုပ်ရင် ဒါဖြစ်မယ်လို တပ်အပ်မပြောနိုင်ပါ။ ရပ်တည်ချက် ယုံကြည်ချက်မှာ အငြင်းပွားစရာမမြင်ပါ။ ပန်းတိုင်နဲ့ ရလဒ်အတွက် စဉ်းစားကြရမယ်လို ထင်ပါတယ်။

Gen X

Credit to နွေဦးတော်လှန်ရေးစာစဉ်

Heinko Lwin

Heinko Lwin