About

Portfolio to Blog အကြောင်းအရာ တစ်ခုခု ရှိလာရင် ခေါင်းထဲမှာ အများကြီးတွေးဖြစ်တာမျိုးရှိတယ်။ ဒါပေမယ့် ထုတ်လည်းမပြောဖြစ်ဘူး၊ ပြောဖြစ်ရင်လည်း ဘာမှလည်း မကျန်ခဲ့ဖူးဆိုတော့ ရေးထားမှဖြစ်မယ်လို့ တွေးမိတယ်။ တစ်ချိန်ချိန် ကိုယ်မရှိတော့တဲ့အခါ တစ်ခုခု ကျန်ခဲ့ပြီး ရှိနေတာမျိုးလည်း ဖြစ်စေချင်တယ်။ အဲ့တာနဲ့ ကိုယ့် website လေးကို blog ပုံစံ ပြောင်ဖြစ်သွားတယ်။ အလုပ်ရှာတုန်းက cv/resume အဆင်ပြေအောင်ရယ်၊ ကိုယ် လုပ်ဖူးတဲ့ project လေးတွေကို တင်ထားချင်တာရယ် ကိုယ့်နာမည်နဲ့ ဒိုမိန်းတစ်ခု ဝယ်ထားပြီး portfolio site လေး ရှိထားတာတော့ ကြာပါပြီ။ အရင်ကတည်းကတော့ စာတို စာစ လေးတွေ စိတ်ကူးပေါက်ရင် ရေးလေ့ ရှိပါတယ်။ ဟိုနေရာ ရေးလိုက် ဒီနေရာ ရေးလိုက်နဲ့ အမြဲတမ်းလည်း မရေးဖြစ်ဘူး။ ကိုယ့်နာမည်နဲ့ မဟုတ်ပဲ တခြား နာမည် တစ်ခုနဲ့လည်းရေးဖို့ လည်း စိတ်ကူးသေးတယ်။ Medium မှာလည်း တစ်ခါပဲရေးပြီး ဆက်မရေးဖြစ်ဘူး။ Facebook ပေါ်မှာတော့ စိတ်ထဲရှိတာမြင်တာ ခဏခဏ လျောက်ရေးတတ်တယ်။ သေချာစဉ်းစားမိတော့ Facebook ပေါ်မှာ ရေးတဲ့ ကိုယ့်အတွေးအမြင်တွေက ကိုယ့်ဘာသာတောင် ပြန်ရှာရခက်နေတာမျိုးဖြစ်တယ်။ အခုလို site တစ်ခု သပ်သပ်လုပ်ထားတဲ့အခါ ပြန်ဖတ်၊ share ရတာလည်း အဆင်ပြေသွားတာပေါ့။ သုံးထားတဲ့ နည်းပညာ Ghost CMS ကို သုံးထားတယ်။ အဲ့ကောင်က ပေါ့ပေါ့ပါးပါးနဲ့ ရိုးရှင်းပြီး အရမ်းလွယ်တယ်။ Customization တွေကလည်း လွယ်လွယ်လုပ်လို့ရတယ်။ အဲ့တာနဲ့ DO မှာ droplet တစ်လုံးဆောက်ပြီး ၁ ရက်ထဲနဲ့ လုပ်ပစ်လိုက်တာပဲ။ Content တွေကိုတော့ အခုတလော နွေဦးတော်လှန်ရေး နဲ့ပတ်သတ်ပြီး status တင်ခဲ့တဲ့ အချို့ကို ထည့်ရေးထားလိုက်တယ်။ Post date ကို FB မှာ တင်ခဲ့တဲ့ အတိုင်း ပြန်ပေးထားတာဆိုတော့ timeline နဲ့ ကြည့်ရတာ ပိုအဆင်ပြေသွားတယ်။ နာမည်ပေးဖြစ်ပုံနဲ့ လိုဂို နာမည်ကိုတော့ Heinko's Space လို့ပေးလိုက်တယ်။ Space ဆိုတာက နေရာ၊ ကျယ်ပြော နက်ရှိုင်းလှတဲ့ အာကာသ အစရှိသဖြင့် အများကြီး အဓိပ္ပာယ်ဖွင့်နိုင်သလို၊ ကျနော်အမြဲတမ်းသုံးနေတဲ့ ကီးဘုတ်က space bar ကိုလည်း ရည်ညွှန်းပါတယ်။ အဲ့တာကြောင့် icon လေးကို space bar လေးထည့်ထားတယ်။ Logo ကို ကိုယ့်ဘာသာ မဆွဲတတ်လို့ AI tool တစ်ခုနဲ့ Generate လုပ်လိုက်တယ် :D။ ပိုက်ဆံကုန်မှာစိုးလို့ ဝယ်တော့မသုံးတော့ဘူး အဲ့လောက်လည်း လိုမှမလိုတာ။ ဝယ်ရင်တော့ printing format အစုံပလုံရမယ်။ အဲ့တာနဲ့ ကုဒ်ထဲကနေ svg ကို ဆွဲထုတ်ပြီး ယူထားလိုက်တယ်လေ။ အပြင်ကို အပ်ရင်လည်း စိတ်တိုင်းမကျတာဖြစ်မှာနဲ့ အမြန်လည်းလိုချင်နေတာနဲ့ လုပ်ဖြစ်သွားတာပါ။ ဘယ်လိုလုပ်လဲဆိုတာတော့ သပ်သပ် post တစ်ခု နောက်မှ ရေးတော့မယ်။ ဘာဆက်လုပ်သွားမှာလဲ ဘာကောင်မှလည်း မဟုတ်တော့ Facebook မှာတော့ share မလုပ်သေးပါဘူး။ အတွေ့အကြုံတွေ၊ အတွေးအမြင်တွေ၊ ဝေဖန်ရေးတွေ၊ ရုပ်ရှင် ဇာတ်ကားနဲ့ ပတ်သတ်တာတွေ၊ နည်းပညာပိုင်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာလေးတွေ ရောသဗြွန်း ထည့်ရေးသွားဖို့တော့ စိတ်ကူးထားတယ်။ Search Engine မှာတော့ ပေါ်လာစေချင်တယ်။ SEO ပိုင်းကိုလည်း ထည့်စဉ်းစားပြီး ဆက်မွမ်းမံသွားမယ်။ မြန်မာစာနဲ့ content blog တစ်ခုတိုးလာတော့လည်း။ နည်းနည်း အကျိုးရှိတာပေါ့။ အပုဒ်ရေ များလာရင်တော့ နောက်ပိုင်း Page တစ်ခုဖွင့်ပြီး Facebook ဘက်ကို publish လုပ်ဖြစ်ရင်လည်း လုပ်ဖြစ်မလားပဲ။ Website traffic ကိုတော့ တိုးလာစေချင်တယ်။ လူတွေကို Facebook ပေါ်မှာပဲ စာတွေမဖတ်စေချင်ဘူး။ ဟိုးအရင် blog ခေတ်တုန်းကလို ရှာဖွေပြီး ဖတ်စေချင်တယ်။ Subscribe function တွေပါ ထပ်ထည့်ပြီး email ထဲကို ပို့တာမျိုးလည်း စိတ်ပါရင်တော့ ထပ်ချဲ့ချင်ချဲ့ဖြစ်မယ်ထင်တယ်။ Contact Me အောက်ပါ Telegram ကနေ ပြောချင်တာရှိရင် ဆက်သွယ်နိုင်ပါတယ်။ HK A traveller between life and death!

Telegram

https://t.me/heinko