မသေချာပဲ Social Punishment မလုပ်စေချင်

CDM ဆိုတာ Civil Disobedience Movement မြန်မာလိုပြန်ရင် အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု မတရားတဲ့ အစိုးရ တစ်ရပ်ရဲ့ အမိန့်တွေ၊ အချို့ ဥပဒေတွေ ကိုလိုက်နာ လုပ်ဆောင်ခြင်း မရှိပဲနဲ့ ဆန္ဒပြတာပဲအကြမ်းဖက်တာမပါဘူးနော် ငြိမ်းချမ်းစွာနဲ့ အာခံတာ...

ဘာလို့ အာခံတာလဲ? မတရားလို့ပေါ့၊ မမှန်လို့ပေါ့မတရားတဲ့ အကြမ်းဖက် အစိုးရ ရဲ့ လုပ်ငန်းဆောင်တာတွေကိုမလုပ်ပေးတော့ဘူး၊ အခွန်တွေ မဆာင်တော့ဘူး၊လမ်းပေါ်မှာ ငြိမ်းချမ်းစွာ ထိင်ပြီး ကိုယ့်ဆန္ဒတွေကို အော်ဟစ် ပြသနေမယ်ဒါတွေက CDM တွေပဲ

ကိုယ့်လက်ရှိ အခြေအနေအပေါ်မူတည်ပြီး CDM လုပ်ပုံလုပ်နည်းကွာသွားတာကို သိတတ်ရမယ်၊ နားလည်ရမယ်။ရဲ တစ်ယောက် CDM လုပ်ဖို့က ဝရမ်းပြေးလို ပြေးမှ ရမယ်အဖမ်းခံလို့မရဘူး၊ အိမ်မှာပဲ နေမယ်ကွာဆိုပြီး လုပ်လို့မရဘူး။ပြည်သူလူထုနဲ့အတူနေထိုင်တဲ့ အစိုးရ ဝန်ထမ်းတွေဟာ ပြည်သူလူထုရဲ့ အကာအကွယ်နဲ့ အစိုးရ အလုပ် မသွားတော့တာမျိုးလုပ်လို့ ရပေမယ့်။ ဝန်ထမ်းအိမ်ရာထဲမှာ နေနေရတာမျိုး၊ အစိုးရလက်နက်ကိုင်တွေနားမှာ နေရတဲ့ သူမျိုးဆိုရင် အချိန်ယူပြီး ပြင်ဆင်ရတယ်။ အလုပ်မလုပ်ဘူးကွ ဆိုပြီး အဆောင်မှာ နေနေရင် အချိန်မရွေး လာ ကုပ်သွားမယ့် အန္ဒရာယ်ရှိတယ်။

အထူးသဖြင့် နေပြည်တော်က ဝန်ထမ်းတွေဆိုရင် တော်တော်လေးကို ခက်ခဲတယ်။ တစ်ချို့ ရဲရဲ ဝံ့ဝံ့နဲ့ FB မှာပါ ရေးချင်ရေးမယ်။ တစ်ချို့က ထိန်းထိန်းသိမ်းသိမ်းနဲ့ လုံခြုံတဲ့ အခြေအနေရောက်မှ CDM လုပ်ကြောင်းကို ထုတ်ဖော်ပြောလိမ့်မယ်။

ဥပမာ UN သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုကြည့်၊ ခင်ဗျားတို့ SP ကြောက်ပြီး FB ပေါ်မှာ ကျနော် CDM ပါလို့ စောစောစီးစီး ရေးလိုက်ရင် ဘာဖြစ်သွားမလဲ၊ အသာလေး ငြိမ်နေပြီး အခွင့်ကောင်းရောက်မှ လုပ်ချလိုက်တော့ CDM အကြီးစားကြီး ဖြစ်သွားတာပဲမဟုတ်လား။

ဆိုတော့ ကိုယ်က အကြောင်းစုံ မသိသေးပဲ၊ ဒါမှမဟုတ် စုံစမ်းမေးမြန်းခြင်းတောင် မလုပ်ပဲနဲ့ FB မှာ တက်ပြီး အထင်လေး တစ်ကွက်နဲ့ ဘယ်သူက ဘယ်လိုဆိုပြီး အာကျယ်အာကျယ် တက်လုပ်နေရင် ရန်များတာပဲ အဖက်တင်မယ်၊ ကိုယ့်ဘက် ရောက်လာမယ့်သူတွေ ဆက်မလာရဲဘဲနေလိမ့်မယ်။

အဓိက ရန်သူကို သိကြစမ်းပါ၊ တပ်ဘက်က ရေးနေတဲ့ လော်ဘီတွေ၊ ပြည်သူကို နှိပ်စက်နေတဲ့ စစ်တပ်အသိုင်းအဝိုင်း နဲ့ ရဲဘက်က ကောင်တွေကို social punishment နဲ့ ချကြစမ်းပါ

ဘယ်လိုဖြစ်လို့ ကိုယ့်လူအချင်းချင်း နောက်ကျောကို ဓါးနဲ့ ထိုးချင်နေကြတာတုန်း။ CDM လုပ်ဖို့ အခက်အခဲ ဖြစ်နေတဲ့သူတွေကို လိုအပ်တာတွေ ကူညီကြစမ်းပါ။ အကြံညဏ်တွေပေးကြစမ်းပါ၊ လုပ်ပြီးသားလူတွေကိုလည်း အထောက်အပံ့တွေ ပေးဖို့ ကြိုးစားကြစမ်းပါ၊ အပြုသဘောလေးတွေဆောင် အပျက်သဘောတွေ လျော့ကြပါ။ မဟုတ်ရင်တော့ တဖြည်းဖြည်း စိတ်ပျက် အချင်းချင်း စိတ်ဝမ်းကွဲပြီး ဒုံရင်း ဒုံရင်းပဲ ပြန်ရောက်သွားမှာပဲ။

Heinko Lwin

Heinko Lwin