စစ်အာဏာရှင်ကို တိုက်ပွဲဝင်ခြင်း - အပိုင်း ၂

ရေးသားသူ - အီဂေါဗလာဇီဗစ်

အကြမ်းဖက်အကြီးအကဲမင်းအောင်လှိုင်သည် အပြစ်မဲ့ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ခြင်း၊ လူနေရပ်ကွက်များကို ကြုံသလို အကြမ်းဖက်ခြင်း၊ လမ်းမများကို မီးခိုးအမှောင် လွှမ်းစေခြင်းများဖြင့် သူ့အရှုံးကို ဖုံးကွယ်ဖို့ ကြိုးစားနေသည်။

စစ်မျက်နှာ အရပ်ရပ်တွင် ရှုံးနိမ့်နေမှုကို ဖုံးကွယ်ရန် မင်းအောင်လှိုင်သည် အဆုံးစွန်ရက်စက်မှုကို ကျူးလွန်လျက်ရှိသည်။

စစ်အုပ်စုကြောင့် နစ်နာဆုံးပါးရသူတို့၏ ထိခိုက်ဒဏ်ရာပုံများကို အတောမသတ် မဖြန့်ဝေစေလိုပါ။ အကြောင်းမှာ မအလကို အကြမ်းဖက်ဂုရုကြီး အဖြစ် အမှန်တကယ်ထက် ပိုမိုအားကြီး၊ သန်မာသော ဧရာမကြီးဟု မထင်စေလို၍ ဖြစ်ပါသည်။ စိတ်ခံစားမှုများကြောင့် ရှင်းရှင်းပြတ်ပြတ် အာရုံပြု ဂရုစိုက်နားလည် ရမည်များကို ဝေဝါးမသွားစေလို၍လည်း ဖြစ်ပါသည်။

မအလ သည် အားကြီးသော လန့်စရာပုဂ္ဂိုလ်အဖြစ် အမြင်ခံလိုပါသည်။ သို့ရာတွင် သူသည် အကြီးစား အရှုံးသမားသာဖြစ်ပါသည်။သူသည် ဘက်ပေါင်းစုံ အရှုံးသမားဖြစ်ပါသည်။

မအလ ကိုအသိအမှတ်ပြုသော နိုင်ငံတခုမျှ မရှိသေးပါ။ တရားမဝင်လူသတ်ကောင်များနှင့် မည်သူမျှ အလုပ်မလုပ်ချင်ပါ။ ကြားခံစကားပြောသူ ရှိသည်ဆိုလျင်လည်း ယဉ်ကျေးသော ကမ္ဘာမှ မအလ စခဲ့သော ရူးသွပ်မှု နှင့် ဘေးဒုက္ခကို စိတ်ရှည်ရှည်နှင့် ရပ်တန့်ရန် ကြိုးစားမှုသာ ဖြစ်ပါလိမ့်မည်။ နိုင်ငံတကာမှ အသိအမှတ်ပြုမှု မျက်နှာစာတွင် စစ်အာသိမ်းရန်ကြိုးစားမှုသည် အကြီးအကျယ် အရေးနိမ့်ပါသည်။

မအလသည် တပြည်လုံး အစိတ်အပိုင်း အားလုံးက တပ်မတော်ကို မုန်းတီးသော အခြေအနေရောက်အောင်ဖန်တီးခဲ့ပါသည်။ တပြည်လုံးက စစ်တပ်အုပ်စိုးမှုကို တညီတညွတ်တည်း ငြင်းပယ်ကြပါသည်။ ဖိနှိပ်မှု ကြောက်စိတ် သက်သက်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ရန် မဖြစ်နိုင်ပါ။ မည်သည့် အစိုးရ ( မည်သို့သော အာဏာရှင် အစိုးရမဆို) ပြည်သူထဲမှ အစိတ်အပိုင်း တချို့၏ ထောက်ခံမှု၊ ထို့ထက်ပိုသော အစိတ်အပိုင်းတရပ်၏ ငြိမ်ခံ မဆနိ့ကျင်မှုလိုအပ်ပါသည်။ မအလ၏ လူသတ်ဖျက်ဆီး၍ အာဏာသိမ်းရန်ကြံမှုနောက်တွင် စစ်တပ်မှ သွပ်သွင်းတည်ဆောက်သော မည်သည့် အစိုးရမှ လူထုထောက်ခံမှု ရတော့မည် မဟုတ်ပါ။ ပြညိတွင်းတရားဝင်မှု စစ်မျက်နှာတွင်လည်း အာဏာသိမ်းရန်ကြံမှုသည် အကြီးအကျယ် ကျရှုံးပါသည်။ ပြည်သူ့သံဓိဌာန် နှင့် ပါဝင်လှုပ်ရှားမှုများကြောင့် စစ်အုပ်စု အနိုင်ရရန် မဖြစ်နိုင်ပါ။

ပြည်သူတို့၏ အာဏာဖီဆန်မှု ( စီဒီအမ်) သည် စစ်အုပ်စု ၏ စီမံအုပ်ချုပ်နိုင်စွမ်းကို အကြီးအကျယ် အထိနာစေခဲ့ပါသည်။ မအလ၏ လက်ရှိ အရှိန်မြှင့် အကြမ်းဖက်နေမှုများသည် ထိုအခြေအနေကို ပိုဆိုးစေမည်သာ ဖြစ်ပါသည်။ ပြည်သူ့အပေါ် ဖိနှိပ်ရက်စက် အကြမ်းဖက်မှုများ စစ်အုပ်စုမှ ဆက်လုပ်၍ ရပါသည်။ သို့သော် တိုင်းပြည်ကို အုပ်ချုပ်၍ ရလိမ့်မည်တော့မဟုတ်ပါ။ စစ်အုပ်စု၏ နောက်ထပ် အရှုံးကြီး တခုဖြစ်ပါသည်။

နိုင်ငံ့ဓနဥစ္စာ များကို စစ်အုပ်စုမှ လိုသလိုသုံးဖြုန်းပစ်နေပါသည်။ လက်နက်ကိုင်ထားသူများ၏ ဓမြမှုထက်မပိုပါ။ သို့သော် ထိုအခြေအနေသည် စီးပွါးရေးကို မခန့်ခွဲနိုင်ဟူသော စစ်အုပ်စု အရှုံးကို မဖုံးကွယ်နိုင်ပါ။စစ်မျက်နှာ အားလုံးတွင် စစ်အုပ်စု သိသိသာသာ ရှုံးလျက်ရှိပါသည်။

ပြည်သူများက အခွန်ပေးရန် ငြင်းဆန်နေကြပါသည်။ အာဏာသိမ်းမှုကြောင့်ဖြစ်လာမည့် စီးပွါးရေး အခြေအနေဆိုးကြောင့် လအနည်းငယ်တွင် ပြည်သူများ အခွန်ပေးနိုင်တော့မည်လည်း မဟုတ်ပါ။ ပေးစရာမရှိသည့် ပြည်သူ့ထံမှ စစ်အုပ်စု ဘာမှ ရမည်မဟုတ်ပါ။

သီတင်း ၆ ပတ်အတွင်းတွင် ကုန်သွယ်ရေး သည် ၈၀ ရာခိုင်နှုန်းကျဆင်းသွားပါသည်။ ကြီးမားလှသော အရေးနိမ့်မှု ဖြစ်ပါသည်။

ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်၊ အေဒီဘီ၊ အိုင်အက်ဖ်စီ နှင့် MIGA တွင် မြန်မာပြည်ဆိုင်ရာ ငွေကြေး ၄.၁ ဘီလီယံ ရှိပါသည်။ ထိုရံပုံငွေများ အားလုံး ရပ်တန့်သွားပြီ။ ပြည်ပအကူ နှင့် ချေးငွေများလည်း တခုပြီးတခု ယာယီရပ်ဆိုင်းလျက်ရှိသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်လညိး စစ်အုပ်စု အရေးနိမ့်ပါသည်။ စစ်အုပ်စု သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တပ်မှ နိုင်ငံရေးတွင် ပါဝင်ရသည့် အချက်အဖြစ်ပြောကာ အပေါ်စီး နေရာ ယူထားပါသည်။ ယခုတော့မည်သည့် လူမျိုးစု လက်နက်ကိုင်များ ( အီးအေအို) ကမှ စစ်အာဏာရှင်နှင့် မပက်သက်ချင်ကြပါ။

ပြည်သူ့လှုပ်ရှားမှုသည် သတင်းအချက်အလက်စစ်ပွဲကိုလည်း နိုင်ပါသည်။ စစ်အုပ်စု၏ ရုပ်မြင်သံကြားမှ ထုတ်လွှင့်မှုများသည် အူကြောင်ကြောင် မုသားများသာ ဖြစ်ပါသည်။ မည်သူမှလည်း နားထောင်မနေပါ။ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းချယိနယ်များတွင်မူ စစ်အုပ်စု ၏ရက်စက်မှု၊ ပြည်သူတို့၏ ရဲရင့်မှုက အထူးသတင်းများဖြစ်နေပါသည်။

အထက်တွင်ပြောခဲ့သညိများမှာ စစ်အုပ်စု အာဏာသိမ်းရန်ကြိုးပမ်းမှု၏ အရေးနိမ့်မှုနှင့် အားနည်းချက်များဖြစ်ပါသည်။ သို့ရာတွင် စစ်အုပ်စု ၏ အားသာချက်များကိုလည်း လျော့တွက်၍ မဖြစ်ပါ။ အထက်ဖေါ်ပြပါ အားနည်းချက်များက စစ်အုပ်စုကို တိုက်စားသွားရန် အချိန်နည်းနည်းယူပါလိမ့်အုံးမည်။

စစ်အုပ်စု၏ လက်ရှိအားသားချက်များမှာ

-သတ်ဖြတ်၊ဖမ်းဆီး၊ ဖျက်ဆီး၊ ဖိနှိပ်နိုင်စွမ်းအားမြင့်ခြင်း

-စစ်တပ်က ငါတို့ခံတပ်ဟူသော တပ်တွင်းအမြစ်တွယ်နေသည့် တွေးပုံ။ အချင်းချင်းသစ္စာရှိကြသည်ဆိုသည်မှာလည်း နက်ရှိုင်းစွာ အမြစ်တွယ်နေသော ထိုစိတ်က တစိတ်တပိုင်းဖြစ်ပါသည်။ လူဆိုးဂိုဏ်းမာဖီးယားများတွင် မကောင်းမှု အတူတူလုပ်၍ ညီညွတ်ကြပုံမျိုးက တစိတ်တပိုင်း ဖြစ်ပါသည်။ ထိုသို့သော အဖွဲ့တွင် ခွဲထွက်ဖို့လုပ်လျင် လက်တုန့်ပြန်မှုက လျင်မြန်ရက်စက်မည်ဟူသော အခြေအနေလည်း ရှိပါသည်။

-အော်ဝဲ၏ ဝတ္တုထဲမှ ခွေများကဲ့သို့ အမိန့်နာခံ ခိုင်းရာလုပ်မည့် အောက်ခြေ အဆင့် စစ်သား၊ရဲသားများလည်း ရှိပါသည်။ မိဘ နှင့် သာမန်လူ့အဖွဲ့အစည်းမှ ငယ်ရွယ်စဉ်ကပင် ဆွဲထုတ်ယူ၍ ထမင်းကောင်းကောင်းကျွေးထားသည့် တိုက်ခွေးများမှလွဲ၍ တခြားဘာမှ မဖြစ်အောင် ပုံသွင်းလေ့ကျင့်ထားကြပါသည်။

-ဘဏ်၊ကျောက်မျက်၊ရေနံ၊ သဘာဝဓါတ်ငွေ့စသည့် တိုင်းပြည် ၏ ဓန သယံဇာတကို လုယူနိုင်သည့် အခြေအနေများရှိပါသည်။

-လက်ရှိတွင် တရုတ်နှင့် အာဆီယံက ကြားနေကြပါသည်။ တရုတ်နှင့် အာဆီယံမှ အာဏာသိမ်းမှုကို မထောက်ခံခြင်းသည် လူထုလှုပ်ရှားမှု၏ ကြီးမားသော အောင်ပွဲဖြစ်ပါသည်။သို့ရာတွင် စစ်အုပ်စုကို နိုင်ငံတကာမှ သံတမန်ရေး စီးပွါရေး ဖိအားပေးရာတွင်တော့ သူတို့မပါဝင်ကြသေးပါ။ သူတို့ ကြားနေခြင်းသည် စစ်အုပ်စုကို အမြတ်ထွက်နေစေပါသည်။ ထို အခြေအနေကို လူထုလှုပိရှားမှုက စိတ်ရှည်စွာ၊ စမတ်ကျစွာ၊ လုံလောက်သည့်နည်းနာဖြင့် ပြောင်းလဲပစ်၍ ရပါသည်။ လက်ရှိခေတ်ကမ္ဘာ၏ ရက်စက်သော အခြေအနေမှန်မှာ ပထဝီနိုင်ငံရေး နှင့် ကိုယ်ကျိုးစီးပွါး အတွက် လူသတ်သည့် အစိုးရများနှင့်လည်း လက်တွဲမည့် နိုင်ငံများရှိနေပါသည်။ သို့ရာတွင် လူသတ်သမားလည်း ဖြစ်မည်၊ အရှုံးသမားလည်း ဖြစ်နေမည်ဆိုလျင်တော့ မည်သူကမှ မိတ်ဆွေကောင်း မဖြစ်ချင်ကြပါ။ မင်းအောင်လှိုင် သည် တကမ္ဘာလုံးသိသည့် လူသတ်သမား ဖြစ်နေပြီး ဖြစ်သည်။ လုပ်ရန်လို နေသည်မှာ သူအရှုံးသမားဖြစ်ကြောင်း ရှင်းရှင်းလင်းလငိး ပေါ်လွင်လာစေရန်ဖြစ်သည်။

စစ်အုပ်စု၏ အဆိုပါ အားသာချက်များမှာ အာဏာသိမ်းမှုကို အပြီးသတ်၍ နိုင်ငံကို ပုံမှန်အနေအထား စိုးမိုးရန် လုံလောက်မနေပါ။ သို့သော် သူ့အားသာချက်က သေးသေးလေးတော့မဟုတ်ပါ။ ထို့ကြောင့်လည်း လူထုအုံကြွမှုက စစ်အုပ်စုကို ခုထိတော့ မဖြိုလှဲနိုင်သေးခြင်းဖြစ်ပါသည်။

အလျင်အမြန်အောင်ပွဲရမည်ဟု မမျော်လင့်ဖို့ အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် စစ်အုပ်စုတွင် အန္တရာယ်ကြီးသည့် အားသာချက်များ ရှိနေပါသည်။ သူတို့၏ အားသာချက်ကိုလျော့တွက်၍ စိတ်ကူးယဉ်အတွေးမျိုးနှင့် ဆိုလျင် အထိအခိုက်ဖြစ်နိုင်ပါသည်။ အန္တရာယ်ကြီးသည့် ရန်သူကို ရူးရူးမိုက်မိုက် ဝါကြွားလိုသည့် သတ္တိမျိုးနှင့် တိုက်ပွဲမဝင်ပါနှင့်။ တည်ငြိမ်စွာ စွာ တွက်ချက်၍ ဗျူဟာကျသောစိတ်၊ သံမဏိစည်းကမ်း၊ ရည်ရွယ်ချက်တူညီမှုဖြင့် တိုက်ရပါမည်။ ပြည်သူအားလုံးအတွက် တခုတည်းသော ရန်သူသာ ရှိပါသည်။

တွယ်ကပ်ခံနေသော အားကြီးသည့်ရန်သူကို မြန်မြန်နိုင်လိမ့်မည်ဟု မျော်လင့်လျင် ကိုယ့်စိတ်ကူးယဉ် အတွေးက ကိုယ့်ကို့ပင် အမြန်လောင်ကျွမ်း ကုန်ခန်းသွားနိုင်ပါသည်။ အမြန်နိုင်မည်ဟုထင်၍ ထင်သလို မဖြစ်သည့်အခါ အမြန် စိတ်ဓါတ်ကျပါလိမ့်မည်။ စိတ်ဓါတ်ကျလျင် စိတ်အင်အားကုန်ပါသည်။ စိတ်အင်အားကုန်လျင် လူထုတိုက်ပွဲ ရှုံးပါလိမ့်မည်။

စိတိပိုင်းဆိုင်ရာ၊ ခံယူမှုရေးရာတွင် ရေရှည်တိုက်ပွဲဖြစ်နိုင်သည်ဟူ၍သာ ပြင်ဆင်ထားပါ။ ရေရှည်အတွက်ဗျူဟာ ရှိပါစေ။ စစ်အုပ်စုသည် အလျင်အမြန်ပြိုကျသွားနိုင်ပါသည်။ သို့ရာတွင် ရေရှည်အတွက် မျော်ရည် ပြင်ဆင်ခြင်းသည်သာ အောင်ပွဲခံမည့် ဗျူဟာဖြစ်ပါသည်။

မီတာ ၂၀၀ မဟုတ် မာရသွန် ပြေးနေသည်ဟု ခံယူ အားစိုက်ပါ။

ကယ်တင်ရှင်မမျော်ပါနှင့်။ ပြည်ပမှ အင်းအားတစုစုရောက်လာပြီး ရာဇဝတ်သား စစ်အုပ်စုကို ရပ်တန့်မည်ဟု မျော်လင့်လျင် မြန်မြန်စိတ်ပျက် လက်လျော့ကြခြင်းသာ ဖြစ်ပါလိမ့်မည်။ ကုလသမဂ္ဂ၊အမေရိကန်၊ အီးယူ၊ ဂျပန်၊ တရုတ်၊ အာဆီယံစသည့် နိုင်ငံတကာ အင်အားစုများ၏ ဩဇာသည် စစ်အုပ်စု၏ အားနည်း၊အားသာကို ဖြစ်စေပါလိမ့်မည်။ သို့ရာတွင် သူတို့သည် နှေးကွေး၍ တဆင့်ချင်းသာ ဖြစ်နိုင်ပါလိမ့်မည်။ ကောင်းကင်ဘုံမှ ကယ်တင်ရှင်က မြန်မာပြည်သူတို့ကို စစ်အာဏာရှင်ရန်မှ ကယ်တင်လိမ့်မည်မဟုတ်ပါ။

ပြည်တွင်းမှ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကသာ အဆုံးအဖြတ်ပေးမည်ဖြစ်ပါသည်။

အချိန်သည် လူထုလှုပ်ရှားမှုဘက်တွင်ရှိပါသည်။ မအလ အနေနှင့် အခြေအနေကို စုစည်းထိန်းချုပ်နိုင်မှု မရှိသေးမချင်း အရှုံးသမားသာဖြစ်ပါသည်။ ရေတိုကာလတွင် သူ့လူမိုက်များက သူခိုင်းသလို ကြမ်းရမ်းနေပြီး နေပြည်တော်ဘန်ကာထဲမှ မင်းအောင်လှိုင်သည် အားကြီးသလို ထင်ရပါသည်။ သို့သော် ရေလတ်ကြားကာလတွင် တိုင်းပြည်ကို မအုပ်ချုပ်နိုင်၊ စီးပွါးရေးကို မလည်ပတ်နိုင်သောကြောင့် အားနည်းသူအဖြစ်မြင်ရပါလိမ့်မည်။

သို့သော် ရုတ်တရက်အောင်ပွဲကိုမျော်လင့် စောင့်ဆိုင်းမနေပါနှင့်။ အောင်ပွဲငယ်လေးများ ရရှိအောင်လုပ်၍ ဂုဏ်ယူဝမ်းမြောက်စွာ ခရီးဆက်ကြပါ။ အောင်ပွဲငယ်လေးများ အစီအရီဖြင့် အဆုံးသတ်တိုက်ပွဲကို အနိုင်ရကြပါလိမ့်မည်။

စစ်အာဏာရှင်ကို အနိုင်ယူရန် တစ်ခုတည်းသော နည်းနာဟူ၍လည်းမရှိပါ။ ပြင်၊ပြောင်း၊ချိန်ညှိ၍ နည်းလမ်းအမျိုးမျိုးကို တောက်လျောက် အသုံးချနေကြရမည်ဖြစ်ပါသည်။ နေ့တိုင်း၊ သီတင်းပတ်တိုင်း စစ်မျက်နှာများစွာတွင် စစ်အာဏာရှင် အထိနာနေအောင် လုပ်ကြရမည်ဖြစ်ပါသည်။

လမ်းပေါ်ဆန္ဒပြပွဲမှာ အရေးကြီးသော်လည်း သူချည်းဖြင့် အစိုးရမပြိုလဲပါ။ ခန့်မှန်းနိုင်သည့် တခုတည်းသော ပုံစံဖြင့် နေ့တိုင်း ဒီနည်းဒီဟန် အတိုင်းပင် ဆန္ဒပြသည့်ပုံစံမလုပ်ပါနှင့်။ စစ်တက်က အလွယ်ရောက်လာမည့်၊ အဆင်သင့်စောင့်နေမည့် နေရာများသို့ ဆန္ဒပြသူများကို မစုသင့်ပါ။ သူတို့မမျော်လင့်သည့် နေရာတွင်လုပ်လို့ပါသည်။ သူတို့ထက်ပို၍ စမတ်ကျ၊ မြန်ဆန်၍ ရပါသည်။

ရန်သူတဦးတည်းကိုသာတိုက်ပါ။ အများကြီးကို မတိုက်ပါနှင့်။ မအလနှင့် စစ်အုပ်စုကို တိုက်ရမည်။ စစ်တပ်တခုလုံးမဟုတ်။ အာဆီယမ်တခုလုံးမဟုတ်၊ တရုတ်တပြည်လုံးမဟုတ်ရပါ။ အားကြီးသည့် ရန်သူတဦးကို အောင်နိုင်လို့ ရပါသည်။ အားကြီးသည့် ရန်သူ အများကြီးကိုတော့ နိုင်မည်မဟုတ်ပါ။ အားကြီးသည့်ရန်သူကိုအောင်နိုင်ရန် မိတ်ဆွေများလိုသလို အနည်းဆုံးအားဖြင့် ကြားနေများလည်း လိုပါသည်။

ရန်သူ၏အားနည်းချက် ဘာဖြစ်မလဲဟု အမြဲမေးနေပါ။ စစ်အုပ်စုကို ထောက်ကန်ထားသည့် ထောက်တိုင်များ၏ အားပျော့သည့်နေရာကိုရှာ၍ ဖိအားမပြတ်ပေးနေပါ။

လူထုလှုပ်ရှားမှုသည် တရားဝင်မှု စစ်မျက်နှာတွင် အောင်မြင်ခဲ့ပြီ။ သတင်းအချက်အလက်စစ်မျက်နာတွင် အောင်မြင်ခဲ့ပြီ။ ဆန္ဒပြပွဲများသည် အရေးကြီးသော်လည်း ယခုအခါ အန္တရာယ်ကြီးလာသောကြောင့် စမတ်ကျသည့် နည်းလမ်းဖြင့်လုပ်သင့်သည်။ ယခုအခိုက်အတန့်အတွက် အရေးကြီးသည့် စစ်မျက်နှာမှာ စိတ်ဓါတ်စစ်ဆင်ရေးဖြစ်သည်။ လူမှုရေး ပြစ်ဒဏ် ( ဆိုရှယ်ပွတ်နစ်ရှ်မန့်) သည် မမျော်လင့်သည့် အောင်မြင်မှုများရခဲ့သည်။

စစ်အုပ်စုက အကြမ်းဖက် သွေးထွက်သံယိုမှုများဖြင့် ပြည်သူနှင့် လူထုလှုပ်ရှားမှုကို စိတ်ပျက်လက်လျော့သွားစေချင်သည်။ သူတို့ဖန်တီးသော အကြမ်းဖက်မှုကို သူတို့ကိုပြန်ဦးတည်၍ စိတ်ဓါတ်စစ်ဆင်ရေး ဆင်နွဲနိုင်သည်။ ကျွန်တော်တို့ထဲတွင် လက်ရှိအမှုထမ်းနေသော စစ်တပ်နှင့် ရဲမိသားစုများကို သိသူများ အတော်များများရှိလိမ့်မည်။ ထိုမိသားစုများထံသို့ “ ခင်ဗျားတို့ရဲ့ လင်၊ သား၊ ဖခင်၊ အကို တွေက အကြမ်းဖက်သမား မင်းအောင်လှိုင်ဆီမှာ အမှုထမ်းနေတုန်းလား။ ဒီမှာ ငါတို့ကလေးတွေကိုသတ်တာ၊ ငါတို့တိုင်းပြည်ကို ဖျက်နေတာကြည့်ပါအုံး” ဟူသော သတင်းစကား စာများရေးနိုင်ကြပါသည်။ “ သူကတိုင်းပြည်တော့ဖျက်လို့ရမယ်။ လူတွေကိုတော့နိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ ညီနောင်မောင်ဘွား လင်ယောကျ်ားကသာ မထောက်ခံတော့ဘူးဆိုရင် မကြာခင်မှာ မအလ ကျဆုံးမှာပါ။ အဲဒီတော့မှ ငြိမ်းချမ်းဖို့၊ သွေးစည်းဖို့၊ ကြွယ်ဝဖို့လုပ်နိုင်ကြမှာ။ အကြမ်းဖက်သမား အုပ်ချုပ်တဲ့တိုင်းပြည် မဖြစ်အောင် ကူညီပါ။ အကြမ်းဖက်သမား လက်အောက်မှာ မင်းတို့ မိသားစုတွေလည်း မလုံခြုံပါဘူ” ဟူ၍ ရေးသားပြောဆိုရပါမည်။

ယခုတိုက်ပွဲတွင်လိုအပ်နေသည်မှာ ဘက်ပြောင်းလာမှုဖြစ်ပါသည်။ သို့မဟုတ် သူတို့အထဲမှ ဒုတိယ၊ တတိယခေါင်းဆောင်ပိုင်းအလွှာတို့ စိတ်ပျက်လာရန်လိုအပ်ပါသည်။

လူထုလှုပ်ရှားမှုသည် တနိုင်ငံလုံးပြန့်နေရန် အရေးကြီးပါသည်။ စစ်တပ်သည် နေရာတိုင်းမရောက်နိုင်ပါ။ သူ့အားရှိသမျှ ဆွဲဆန့်ထုတ်နေရအောင် လုပ်ရမည်ဖြစ်ပါသည်။

အောက်ခြေမှလာသော ကိုယ်တိုင်စီမံသော စစ်အာဏာရှင်လွတ်မြောက်ရာနယ်မြေများဖန်တီးရန်လိုပါသည်။

အတူတကွ ညီညွတ်နေအောင်စွမ်းဆောင်ပါ။ အကြမ်းဖက်မှုမရှိသော ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ရေးသည် လွတ်လပ်စုံလင်သော ဗဟိုမချုပ်ကိုင်သော အစုအဖွဲများ၏ ဘုံရည်မှန်းချက်ဖြစ်ပါသည်။

ခေါင်းဆောင် လှုပ်ရှားရသူဖြစ်ပါက ကိုယ်နှင့်ကိုယ့်အဖွဲ့၏ ရုပ်ပိုင်းနှင့် ဒီဂျစ်တယ်ပိုင်းလုံခြုံရေးကို ဂရုစိုက်ပါ။ ယခုမှစ၍ လှုပ်ရှားမှု၏ အရေးကြီးသော အစိတ်အပိုင်းများမှာ ပုန်းကွယ်စီစည်ရသည်များ ဖြစ်ပါလိမ့်မည်။

ဆိုရှယ်မီဒီယာတွင် သတိပြု၍ ပညာပါစွာ ဖြန့်ဝေပါ။ သေးငယ်သော အောင်မြင်မှုပင်ဖြစ်ပါစေ ဂုဏ်ယူဖေါ်ပြ၍ အများအတုယူနိုင်သော ဥပမာဖြစ်ရန် အားထုတ်ပါ။ ဆုံရှုံးရမှုများပင် ဖြစ်စေ သူရဲကောင်း ဇာတ်ကြောင်းနှင့် လှုပ်ရှားမှုကို အားဖြစ်အောင်လုပ်ပါ။ ထိတ်လန့်မှုနှငိ့ အားလျော့စေမည့် ပုံများ မဖြန့်ဝေပါနှင့်။ စစ်အုပ်စု၏ ရက်စက်မှုများကို မှတ်တမ်းတင်ရန်မှာ လူထုလှုပ်ရှားမှုအတွက် အရေးကြီးပါသည်။ သို့သော် ကြောက်စိတ် အဆပွါးဖို့ မလိုပါ။

ဒလန်များကို ဖေါ်ထုတိပါ။ သူတို့အကြောင်းကို အားလုံးကသိပါစေ။ စစ်အုပ်စုထဲမှ သတင်းမရပဲ အကန်းဖြစ်နေအောင် လုပ်ပါ။

သွေးစည်းညီညွတ်ရပ်တည်ပေးရေးသည် အရေးကြီးပါသည်။ တနေရာကိုတိုက်ခိုက်ခံရလျင် အားလုံးကို အတိုက်ခံရခြင်း ဖြစ်၍ နေရာတိုင်းမှ တတ်နိုင်သော အကူအညီပေးရပါမည်။

စစ်တပ်က အလွန်အကျွံအကြမ်းဖက်မှုဖြင့် လှုံ့ဆော်သည်ကို အကြမ်းဖက်မှုဖြင့် မတုနိ့ပြန်ပါနှင့်။လက်နက်ကိုင်တုန့်ပြန်ခြင်းဖြင့် အလုံးစုံ စစ်ပွဲတွင်းသက်ဆင်း၍ မြို့ရွာများပျက်စီးပါလိမ့်မည်။ လူထောင်ချီသေဆုံး၍ သနိးချီကာ ဒုက္ခသည်ဖြစ်ပါလိမ့်မည်။ ထို့သို့မဖြစ်ချင်ပါ။ ဖြစ်ဖို့လည်း မလိုပါ။ အောင်ပွဲရမည့် ဗျူဟာလည်း မဟုတ်ပါ။ စိတ်ရှည်မှု၊စည်းကမ်း၊ အကြမ်းမဖက်သော ဗျူဟာမြောက် တုန့်ပြန်မှုသည်သာ အောင်မြင်ရန် အခွင့်အလမ်း ပိုရှိပါသည်။

စိတ်ကူးစိတ်သန်း တခုချင်းစီကို ကောင်းမကောင်းကို စဉ်းစားချင့်ချိန်ကြရပါသည်။  လုပ်သင့်သည် အလုပ်ကို မြေပြင်ကလူက ပိုသိပါလိမ့်မည်။

Credit to Igor Blazevic
မူရင်းပို့စ် https://www.facebook.com/igor.blazevic.37/posts/10159280843956473

ဆရာမ ဂျူး ၏ ဤဆောင်းပါး မှ သင်ခန်းစာ ၁၇ ချက်ကို ဒီနေရာ မှာ ဆက်ပြီး ဖတ်နိုင်ပါတယ်။

Heinko Lwin

Heinko Lwin