ဖက်ဒရယ် FM

How To Listen Federal FM?

ဖက်ဒရယ် FM ကို FM Radio ကို ဖမ်းယူနိုင်တဲ့ devices တွေနဲ့ ရန်ကုန်မြို့နယ် ၁၅ မြို့နယ်တစ်ဝိုက်မှာ 90.2 Mhz ကနေ ဖမ်းယူနားဆင်နိုင်မှာဖြစ်တယ်လို့ ပြောထားတာတွေ့ရပါတယ်။

တခြား FM တွေလိုမျိုး အင်တာနက်ကနေ နားဆင်လို့ရရင် ကောင်းမယ်လို့လို့တွေးမိတဲ့အတိုင်းပဲ အခု April 8 ရက်မှာတော့ Mixlr Platform ကနေ စမ်းသပ် ထုတ်လွှင့်သွားပါတယ် အောက်ပါအတိုင်း Facebook မှာ ကြေညာသွားတာတွေ့လိုက်ရတယ်။

Stay tuned - Federal FM On Air at 2 pm today 90.2 MHz အားလုံးစောင့်မျှော်နေကြတဲ့ ဖက်ဒရယ် FM ရေဒီယိုကို ယနေ့ နေ့လယ်...

Posted by ဖက်ဒရယ် FM on Thursday, April 8, 2021

Mixlr ကနေ တွေ့တွေ့ချင်းပဲ ဖွင့်ကြည့်တော့ ၁၅ မိနစ်လောက် နားထောင်လိုက်ရပါတယ်။ Comment တွေလည်း ပေးလို့ရတာ တွေ့ရတယ်။ အခုလို စီစဉ်ပေးတော့ တစ်ကမ္ဘာလုံးက နားထောင်လို့ရသွားတဲ့အတွက် အရမ်းကောင်းပါတယ်။ GSCN အဖွဲ့ကိုလည်း ချီးကျူးပါရစေ။ အချိန်ပြည့် ထုတ်လွှင့်နိုင်ဖို့ ဆိုတာကတော့ နောက်မှာ ဖြစ်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာလည်း အင်တာနက် မရှိတဲ့ မြို့၊ ကျေးရွာ အတော်တော်များများအထိ လွှင့်လာနိုင်မယ်ဆိုရင် တော်လှန်ရေးအတွက် တော်တော်လေး အထောက်အကူဖြစ်မယ်ထင်ပါတယ်။

ဖက်ဒယ် FM ( Federal FM) on Mixlr
အင်တာနက် ဘရောက်ဇာ မှ တစ်ဆင့် Mixlr ကို သုံး၍ Federal FM ကို မြင်ရပုံ

ဖက်ဒရယ် FM ကို နားဆင်နိုင်မယ့် နေရာတွေနဲ့ သတင်းဖတ်နိုင်မယ့် နေရာတွေကို အောက်မှာ ပြထားပါမယ်။

Mixlr မှ တိုက်ရိုက် နားဆင်ရန် (တိုက်ရိုက်ထုတ်လွှင့်ချိန်မှသာ)

Web: https://mixlr.com/federal-fm
Android: ဒေါင်းလုဒ်ဆွဲရန်
iOS: ဒေါင်းလုဒ်ဆွဲရန်

ဖက်ဒရယ် FM ၏ ဖေ့စ်ဘုတ် စာမျက်နှာ

https://www.facebook.com/federalfmradio

ဖက်ဒရယ် FM ၏ SoundCloud

https://soundcloud.com/federal-fm-radio/

Heinko Lwin

Heinko Lwin