ညီညွတ်ချိန်တန်ပြီ

ကျွန်တော်တို့ တစ်ခါလောက် ညီညွတ်ကြရအောင်..
အကုန်လုံး ပေါင်းပြီး တိုက်မှ ရပါတော့မယ်...

ပြည်မက လက်နက်မဲ့ လူထုက စုစည်းပြီးပါပြီ...
အကြမ်းဖက် တပ်မတော်ကို  ဖြုတ်ချချင်နေကြပြီ..
သွေးမြေတွေလည်း ကျနေခဲ့ကြပါပြီ...

လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားအဖွဲ့အားလုံး..
အရှေ့၊ အနောက်၊ တောင်၊ မြောက် ရှိသမျှလက်နက်ကိုင်အားလုံးပါဝင်မည့်
ဖက်ဒရယ် ယာယီ တပ်မကြီး ဖွဲ့စည်းစေချင်တယ် ပေါင်းစည်းစေချင်တယ်...

တကွဲတပြား တိုက်ခိုက်နေခဲ့ကြတာလည်း နှစ်တွေကြာလှပြီ..
အကြမ်းဖက် တပ်မတော်ကို အဆုံးထိ တိုက်ဖျက်ဖို့ လိုနေပါပြီ..

CRPH နဲ့အတူ နိုင်ငံတကာမှာလည်း တရားဝင်မှု ရယူရမဲ့အချိန်ကောင်းလို့ မြင်ပါတယ်.... နိုင်ငံရေးပါးနပ်ပြီး .... ဒီတစ်ခါ ညီညွတ်ကြရအောင်ပါ
ဒေသခံ တိုင်းရင်းသားပြည်သူများလည်း တိုက်တွန်းပေးကြပါ

This post is taken from my published Facebook post.

Heinko Lwin

Heinko Lwin