FCDCC ရဲ့ ဖက်ဒရယ် ဥပဒေကြမ်းအပေါ် ယျေဘူယျ အမြင်

CRPH က ၂၀၀၈ ခြေဥဖျက်ပြီး ဖက်ဒရယ် ခြေဥအသစ် ဆိုပြီး ပြောလာတော့ အရင်တစ်ခါ ကြားဖူးထားတဲ့ရေးဆွဲထားပြီးသား ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုက်ရှာပြီး ဖတ်ကြည့်ဖြစ်တယ်...

အခုလိုပဲ လွှတ်တော်မခေါ်လိုက်ရတဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေပါ ပါဝင်ပြီး အခြား လက်နက်ကိုင်အဖွဲ့တွေ အပါအဝင် ရေးခဲ့ကြတာပါ။

၂၀၀၅ မှာ ပထမ မူကြမ်း သဘောတူခဲ့ကြပြီး၊ ၂၀၀၅ ကနေ ၂၀၀၈ အထိ ဒုတိယ အကြိမ် မူကြမ်းအနေနဲ့ အတည်ပြုခဲ့ကြတယ်တဲ့အခုဖတ်ကြည့်တဲ့ version ကတော့ UNFC ကနေ ၂၀၁၆ မှာ ထပ်ပြီး မွမ်းမံထားတဲ့ ဟာပါ။

ယေဘူယျဖတ်ကြည့်ရသလောက်တော့ ကျနော့အမြင် လက်ခံလို့ ရနိုင်တဲ့ ဖက်ဒရယ် ဥပဒေကြမ်း တစ်ခုလို့ မြင်ပါတယ်။ အချို့နေရာတွေတော့ သေချာ ဆွေးနွေးပြီး ပြင်ဖို့ လိုဦးမှာပါ။ ဥပမာ၊ ပြည်နယ်ဖွဲ့စည်းပုံ လိုမျိုးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်တဲ့ ပုဒ်မတွေမှာပေါ့။

ဖက်ဒရယ် ဥပဒေကြမ်း စာအုပ်မှ မာတိကာ
ဖက်ဒရယ် ဥပဒေကြမ်း စာအုပ်မှ မာတိကာ

စိတ်အဝင်စားဆုံးကတော့ အခန်း (၁၁) က ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ပဲ။ အဲ့ဒီက အချက်တွေကို တော်တော် သဘောကျတယ်။ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ရှိမယ်၊ ဖက်ဒရယ် ရဲတပ်ဖွဲ့လည်း ရှိမယ်။စစ်သေနာပတိချုပ်က သမ္မတပဲ ဖြစ်ရမယ်၊ ပြည်နယ်တွေမှာလည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့ရှိရမယ် ဆိုတာမျိုးပေါ့။

သမ္မတ ရွေးချယ်တာကလည်း ၁၂ ပြည်နယ်ကနေ အမျိုးသားလွှတ်တော်က တစ်ဆင့် သမ္မတလောင်း တစ်ဦးစီ တင်မယ်၊ အဲ့ဒီပြည်နယ် တစ်ခုက သမ္မတဖြစ်ပြီးရင် နောက်ထပ် ၃ ကြိမ်အတွင်း အဲ့ဒီ ပြည်နယ်က သမ္မတ ထပ်ရွေးလို့မရတော့ဘူး

CRPH အနေနဲ့ ဒီဟာကို အခြေခံပြီး ဆက်လုပ်မလား ဒါမှမဟုတ် တခြားဆွေးနွေးမှုတွေကနေ အသစ် ဆက်လုပ်မလားတော့ မပြောတတ်သေးဘူး။

အဝေးကြီးတော့ လိုပါသေးတယ်၊ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရေးပါတဲ့ လူ တွေ လွတ်မြောက်ရေးနဲ့ မင်းအောင်လှိုင်နဲ့ အဖွဲ့ ပြုတ်ကျရေးက အရင်လုပ်ရမယ်။

Heinko Lwin

Heinko Lwin