၂၀၂၁ အရေးအခင်း ကာလ အေအေ အပေါ်အမြင်

အာရကန် အာမီ ကိစ္စနဲ့ပတ်သတ်ပြီး ကိုယ့်အမြင်ကတော့စစ်တပ်နဲ့ ပေါင်းတယ်လို့တော့ ဘယ်လိုမှ မထင်ဘူးအခြေအနေ အချိန်အခါအရ အခွင့်အရေး အချို့ကိုရအောင် ယူနေတာလို့ပဲ မြင်တယ်... (အန္ဒရာယ်တော့များတယ်)

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ရည်မှန်းချက်က confederate ထက် ပိုတယ် ဆိုတော့သူက ဖက်ဒရယ် လောက်ကို မက်မှာမဟုတ်ဘူး... ဖြစ်နိုင်ရင် တစ်နိုင်ငံတောင် ထူထောင်ချင်တဲ့သူ မဟုတ်လား...

ပြည်မက လူတွေ ခံစားရတာတွေက သူကျော်လွန်ခဲ့ပြီးပြီမို့သေချာ အစီအစဉ်နဲ့ လက်နက်ကိုင်တပ်တောင် အောင်မြင်အောင်ထောင်ထားခဲ့ပြီးပြီ... ပေါ့သေးသေး လူမဟုတ်ဘူး...(တို့တစ်တွေက အခုမှ အဲ့ဒီ ခံစားချက်ကို နားလည်တာ)

ဒါပေမယ့် တွေးစရာ တစ်ခုရှိတာက သူက အခုလက်ရှိအခြေအနေမှာတခြား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်း တော်လှန်မှုမရှိပဲသီးသန့်လမ်းကို သွားမယ်ဆိုရင်တော့ ပြဿနာ ရှိနိုင်တယ်၊ သူ့ကိုယ်သူတော့ ယုံကြည်မှု အပြည့် ရှိနေပုံရပါတယ်...။

ဟို အမျိုးယုတ် စစ်တပ်ကတော့ အဲ့လောက်ထိ အပေးအယူလုပ်မှာမဟုတ်တော့၊ တစ်ချိန်ချိန် ပြန်ချကြမှာ အသေချာပဲ။ ဆိုတော့ ရခိုင်ဒေသ အနေနဲ့ တိုင်ပင် မကိုက်ပဲနဲ့ ဖြစ်သွားမှာလည်း စိုးတယ်။

တစ်ကယ်က အခုလိုအချိန်မှာ ရည်မှန်းချက် ရအောင် ချမယ်ဆိုရင်တောင် အခွင့်အလမ်းကောင်းလို့တော့ မြင်တယ်။ ပြည်မကရော ကမ္ဘာကပါ ဒီကောင်တွေကို ဆန့်ကျင်နေကြတဲ့အချိန်လောက် ကောင်းတဲ့အခွင့်အရေး ဘယ် ရှိမလဲဟုတ်တယ်မလား....။

ဘယ်လိုနေနေ သူတို့က မြေပြင်ကလူတွေမို့ ပိုနားလည်မှာပါ။ ချက်ကောင်း ကို ထိနိုင်မယ့် အခွင့်အရေးကို ရှာနေတာဖြစ်ပါစေလို့ပဲ ဆုတောင်းရမှာပဲ။

Heinko Lwin

Heinko Lwin