ပုံဆွဲ အနုပညာရှင် များမှ ဖန်တီးထားသော ပိုစတာ/ဗီနိုင်း များကို အခမဲ့ Download ခွင့် ပေးလျက်ရှိ

၂၀၂၁ နွေဦးတော်လှန်ရေးမှာ နယ်ပယ် ပေါင်းစုံက ပြည်သူများက အားပေးကူညီလျက်ရှိပါတယ်။ လမ်းပေါ်တွေမှာ လူတွေ ဆန္ဒထွက်ပြကြတဲ့အခါ ကိုင်ဆောင်ကြမယ့် ပိုစတာတွေ၊ ဗီနိုင်းလ် တွေဟာလည်း လိုအပ်ချက် တစ်ခုဖြစ်လာပါတယ်။
Artwork credit: Htet Aung (yangon.design)

ဆန္ဒပြပွဲသွားတဲ့အခါ တစ်ချို့နေရာတွေ၊ ဥပမာ ရန်ကုန် လှည်းတန်းမှာတော့ ပန်းချီပညာရှင်အချို့ ချက်ချင်း ရေးပေးနေကြတာတွေလည်း တွေ့ရပါတယ်။ အခု Yangon.design ဆိုတဲ့ website မှာတော့ digital art ပညာရှင်များမှ ဖန်တီးရေးဆွဲထားတဲ့ ပုံများကို အခမဲ့ အသုံးပြုနိုင်စေရန်အတွက် တင်ပေးထားတာကို တွေ့မြင်ရပါတယ်။ သိပ်ပြီး ကောင်းတဲ့ စိတ်ကူးလေးပါပဲ။ အခမဲ့ ရယူနိုင်ဖို့ တင်ပေးကြတဲ့ ပညာရှင်များကိုလည်း ကျေးဇူးတင်လျက်ပါ။

Yangon Design digital artists
ပါဝင်ရေးဆွဲပေးထားကြတဲ့ digital artist များ
Free printable protest posters for Myanmar Spring Revolution
Website ကို ဝင်ပြီးတာနဲ့ ပုံတွေကို Download ပြုလုပ်နိုင်ပါပြီ။

NOT FOR RESALE လို့လဲ သတိပေးထားတာကြောင့် စီးပွားဖြစ် ပြန်လည် ရောင်းချတာမျိုးကိုတော့ မလုပ်သင့်ကြောင်း သတိပေးပါရစေ။

Download ဆွဲချင်ရင်တော့ အောက်ပါ လိပ်စာမှာ သွားရောက် ရှာဖွေနိုင်ပါတယ်။
https://www.yangon.design

Home
AThu Yar | Aung Kyaw Khin |Aung Myin Chit | Aung See Phyo | Aung Soe Moe | Aung Thi Han | Aung Thu | Bart Was Not Here|Bryan Fadden | Chanmyae Vo | Genius At Work (GAW) |Hein Htet Kyaw | Htet Aung | Htet Naing |Htet Wai Yan | Jonathan | Jue Jue San | Julie Wai | K Kyaw Kyaw | Kabyar Oo | Khin
Heinko Lwin

Heinko Lwin