နွေဦးတော်လှန်ရေး နှင့်အတူ ထွက်ပေါ်လာသော စာဆောင်/သတင်းလွှာ များ

အင်တာနက် ဖြတ်တောက်မှုတွေကြောင့် သတင်းအချက်အလက် စီးဆင်းဖို့အတွက် နွေဦးတော်လှန်ရေး သတင်းအချက်အလက်တွေ၊ အသိပညာတွေကို အလွယ်တစ်ကူ A4 ပရင့် ထုတ်ပြီး ဖြန့်ချိနိုင်ဖို့ လုပ်နေကြတာတွေ ရှိပါတယ်။

လောလောဆယ် ၈ ခု ရှိနေပါပြီ။ Github Repo တစ်ခု ဆောက်ပြီးလည်း စုပေးထားလိုက်ပါတယ်။ Telegram ကနေ လည်း ဖတ်ရှုနိုင်ကြပါတယ်။ https://t.me/MMSpringNewsletters

အိမ်မှာဖြစ်ဖြစ် printer တစ်လုံးရှိရင် အနီးနားပတ်ဝန်းကျင်ကို ကိုယ်နိုင်သလောက် ပရင့် ထုတ်ပြီး ဖြန့်ချိရေး လုပ်ပေးကြရင် ကောင်းမယ်။ အင်တာဗျူး တစ်ခုမှာ ကြားလိုက်ရသလို ဒီလို စီစဉ်သူတွေအနေနဲ့လည်း ဈေးထဲမှာပဲဖြစ်ဖြစ် မသိမသာနဲ့ နိုင်သလောက် ဖြန့်ပေးနေကြတယ်လို့ ကြားရပါတယ်။

မိုလိုတော့ဗ် စာစဉ်
Photo: မိုလိုတော့ဗ် - စာစဉ် Facebook Page

ပုံမှန် ပုဂ္ဂလိက သတင်းစာတွေက အပိတ်ခံထားရလို့ မထုတ်နိုင်ကြပါဘူး။ တစ်ချို့နေရာတွေမှာလည်း ရဲတွေကိုယ်တိုင်ကနေ စစ်ကောင်စီ ရဲ့ ဝါဒဖြန့်စာတွေကို လိုက်ဝေနေကြတဲ့ သတင်းတွေလည်း ဖတ်ရတော့ ကိုယ့်ဘက်က ဒီလို ဖြန့်ချိမှုတွေကိုလည်း အရှိန်အဟုန်မြင့် လုပ်ဆောင်သွားကြဖို့ လိုပါတယ်။

heinko/myanmar-spring-revolution-newsletters
A collection of newsletters, bulletins and pamphlets for Myanmar Spring Revolution 2021. - heinko/myanmar-spring-revolution-newsletters
Heinko Lwin

Heinko Lwin