တော်လှန်ရေးကာလအတွင်း Subscribe လုပ်ထားသင့်သည့် Telegram Channel များ

တရုတ်ကနေ Firewall ဆောက်ဖို့ အင်ဂျင်နီယာတွေ ရောက်လာပါတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ပြီးနောက် ဖေ့စ်ဘုတ် နဲ့ မက်ဆင်ဂျာ တို့ဟာ လုံခြုံမှု မရှိနိုင်တော့ဘူးဆိုတဲ့ အသံတွေ ထွက်လာပါတယ်။ အဲ့ဒီနောက်မှာတော့ မြန်မာနိုင်ငံမှာ တခြား လုံခြုံမှုရှိတဲ့ messaging platform တွေကို စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့ပါတယ်။

Whatsapp, Signal, Telegram အစရှိသဖြင့် Encryption ပါတဲ့ platform တွေက ခေတ်အစားဆုံးပေါ့။ အဲ့ဒီထဲကမှ Telegram (တယ်လီဂရမ်) မြန်မာလို ကြေးနန်းစာလို့ အဓိပ္ပာယ် ရတဲ့ platform ဟာ လူသုံးများပြီး တွင်ကျယ်လာပါတယ်။ ကျနော်ကတော့ Telegram ကို စင်္ကာပူက သူငယ်ချင်းတွေကြောင့် သွင်းထားပေမယ့် မြန်မာပြည်ဘက်က သူငယ်ချင်းတွေ မရှိတော့ အများကြီး သိပ်သုံးလေ့မရှိပါဘူး။ အခုတော့ နေ့တိုင်း ဖွင့်ကြည့်ပြီး တော်တော်လေး သုံးဖြစ်နေပါပြီ။

Telegram မှာက ပိုပြီး လုံခြုံတယ်လို့ ပြောကြပေမယ့် လိုအပ်သလို ချိန်ညှိသုံးတတ်မှ ပိုပြီး စိတ်ချရတာပါ။ ချိန်ညှိမှုတွေ အများကြီး လုပ်နိုင်တာကိုကလည်း တခြားတွေနဲ့ ယှဉ်ရင် အားသာချက်တစ်ခုဖြစ်နေတာပါ။

အဓိက လူကြိုက်များရတဲ့ အကြောင်းကတော့ Channel (ချန်နယ်လ်) လို့ခေါ်တဲ့ တစ်ဖက်သက် သတင်းပေးပို့နိုင်တဲ့ လုပ်ဆောင်ချက်ကြောင့်ပါ။  အလွယ်တကူ တည်ဆောက်နိုင်ပြီး လျင်လျင်မြန်မြန် နဲ့ အချက်အလက်တွေကို ပေးပို့နိုင်တာဖြစ်ပါတယ်။ ကိုယ်က ချန်နယ်လ် တစ်ခုမှာ စာရင်းသွင်းထားမယ်ဆိုရင် အချက်အလက်တွေက အမြဲတမ်း ကိုယ့်ဆီကို ရောက်နေမှာပါ။ မဖတ်ရသေးတဲ့ နေရာကနေ အမြဲ စပြီး ပြလို့ မလွတ်တမ်း ဖတ်ရှုနိုင်ပါတယ်။

မဖွင့်ရသေးရင် Telegram ဆိုတဲ့ အက်ပလီကေးရှင်း ကို သက်ဆိုင်ရာ ဖုန်းအမျိုးအစားအလိုက် ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။

အသုံးဝင်တဲ့ Telegram Channel တွေကို ဖော်ပြပေးပါမယ်။ Link လေးတွေအပေါ်နှိပ်ပြီး Subscribe လုပ်လို့ရပါတယ်။

  • သပြေညို သတင်းလွှာ
    https://t.me/joinchat/grQ1jJQN5IA0YWU9
    (မန္တလေးမြို့ရှိ မြေပြင် အခြေအနေတွေကို နေ့စဉ် အချိန်နဲ့ တပြေးညီ သတင်းရယူနိုင်ပါတယ်။ ဘယ်လမ်းမှာ အင်အား ဘယ်လောက် ရှိတယ် အစရှိသည်ဖြင့် ပြောပေးပါတယ်)
  • Mratt's Channel
    https://t.me/mrattkyawthu
    (ကို မြတ်ကျော်သူ အလွတ်သတင်းထောက် ရဲ့ အဓိက ချန်နယ်တစ်ခုဖြစ်ပါတယ်။ Bluemark ပါ ရရှိထားတာမို့ တစ်ချို့သတင်းတွေကို သူနိုင်သလောက် အတည်ပြုပေးပါတယ်။)
  • CRPH Myanmar
    https://t.me/crphmyanmar
    (CRPH ရဲ့ တရားဝင် ချန်နယ်ဖြစ်ပါတယ်။ ထုတ်ပြန်ချက်တွေ၊ ကြေငြာချက်တွေကို ချက်ချင်း ဖတ်နိုင်မှာဖြစ်ပါတယ်။)
  • နွေဦးတော်လှန်ရေးစာစဉ်
    https://t.me/joinchat/rN0sAaonZqdiNDE1
    (BBP - Resistance၊ ငရဲခွေးကြီး အမိဖမ်းမည်၊ We Resist - Burma အစရှိတဲ့ စာမျက်နှာတွေကနေ ရေးသားနေတဲ့ စိတ်ဝင်စားဖွယ်၊ အတွေးအမြင်ဆန်းတဲ့ ဆောင်းပါးတွေကို ဖတ်ရှုနိုင်မှာပါ)
  • 2021 Revolution Tweets
    https://t.me/joinchat/58ZX3AhwCGkwMDRl
    (ထူးခြားတဲ့ အကြောင်းအရာတွေနဲ့ အဖြစ်အပျက်တွေကို Twitter ကတစ်ဆင့် ကမ္ဘာကို ဖြန့်ကြတဲ့အခါ အထောက်အကူဖြစ်စေဖို့အတွက် ရေးရမယ့် စာသားတွေနဲ့ ပုံ၊ ဗီဒီယီုတွေကို ပို့ပေးပါတယ်။ အဲ့ဒီကနေ ကူးပြီး ကိုယ့်တွစ်တာ အကောင့်မှာ တင်လိုက်ယုံပါပဲ)
  • မန္တလေးမြို့တွင်း အခြေအနေ
    https://t.me/joinchat/o-3X8ANFHrM3YmJl
    (မန္တလေးမြိုတွင်းက စစ်သားနဲ့ရဲတွေရဲ့ လမ်းကြောင်းတွေ၊ ဖြိုခွင်းပစ်ခတ်မှုတွေကို နေ့စဉ်ပို့ပေးတဲ့ နောက်တစ်ခုပါ။ သူ့ထူးခြားချက်က စာတွေမှာ ✅❌react button ၂ ခု ပါတာမို့ သတင်း မှန်/မမှန်ကို vote လုပ်ပြီး ကူညီနိုင်ပါတယ်)
  • တော်လှန်ရေးစာစဥ်များ
    https://t.me/MMSpringNewsletters
    ပရင့် ထုတ်နိုင်မယ့် တော်လှန်ရေးနဲ့ပါတ်သက်တဲ့ စာစဥ်များကို ရယူနိုင်ပါတယ်။
  • EDM 017
    https://t.me/edm017
    သတင်းအတိုများ၊ သတင်း အမှား/အမှန် ရှင်းလင်းချက်များ ကို နေ့စဉ် ဖတ်ရှုနိုင်ပါတယ်။
  • Copy&Tweet
    https://t.me/mmtweet
    Twitter မှာ အလွယ်တကူ ကော်ပီ ကူးပြီး Tweet နိုင်ဖို့ အဆင်သင့် သတင်းများ ရေးပေးတဲ့ ချန်တယ် တစ်ခုဖြစ်ပါတယ်။
  • ခိုဖြူ Khophyu
    https://t.me/khophyu21
    အင်တာနက် မရတဲ့ သူတွေဆီ SMS နဲ့ သတင်းတွေ ဖြန့်နိုင်ဖို့ တစ်နေ့ ၂ ကြိမ် သတင်းတိုလေးတွေကိုစုစည်းပြီး ပေးပို့နေတဲ့ ချန်နယ်ဖြစ်ပါတယ်။

နောက်မှ Telegram မှာ အသုံးပြုလို့ကောင်းတဲ့ အခြား ထူးခြားတဲ့ လုပ်ဆောင်မှုလေးတွေကို ထပ်ရေးပေးပါမယ်။

Heinko Lwin

Heinko Lwin